Top News

လစ်လပ်နေသည့် နည်းပြရာထူးအတွက် ရိုးမားနည်းပြဟောင်း အီဗန်ယူရစ်ချ်ကို ဆောက်သမ်တန်အသင်း ၁၈ လစာချုပ်ဖြင့် ခန့်အပ်
24htopnews | December 23, 2024 3:12 AM CST

 

ဆောက်သမ်တန်အသင်းသည် လစ်လပ်နေသည့် နည်းပြရာထူးအတွက် ရိုးမားအသင်းနည်းပြဟောင်း အီဗန်ယူရစ်ချ်ကို ၁၈ လစာချုပ်ဖြင့် ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဆောက်သမ်တန်အသင်းသည် ပြီးခဲ့သည့်တစ်ပတ်က စပါးအသင်းအား အိမ်ကွင်း၌ ငါးဂိုးပြတ်ရှုံးနိမ့်ပြီးနောက် စကော့တလန် လူငယ်နည်းပြ ရပ်ဆဲလ်မာတင် (၃၈ နှစ်) ကို ထုတ်ပယ်ခဲ့သည်။ 

၎င်းနေရာတွင် ခရိုအေးရှားနည်းပြ ယူရစ်ချ် (၄၉ နှစ်) ကို အစားထိုးခန့်အပ်ကြောင်း ဆောက်သမ်တန်အသင်းက ဒီဇင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၁၈ လ စာချုပ် ချုပ်ဆိုထားကြောင်းလည်း အတည်ပြုကြေညာခဲ့သည်။ 

ယူရစ်ချ်သည် မန်တိုဗာ၊ ခရိုတိုနီ၊ ဂျီနိုအာ၊ ဗီရိုနာ၊ တိုရီနို၊ ရိုးမား စသည့် အီတလီကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်သည်။ သို့သော် ရိုးမား အသင်းအား စက်တင်ဘာမှ နိုဝင်ဘာအထိ နှစ်လသာ ကိုင်တွယ်ခဲ့ရပြီးနောက် ပြန်လည်ထုတ်ပယ်ခံခဲ့ရသည်။


READ NEXT
Cancel OK