ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက ၎င်း၏ Idol ဖြစ်သူ စီရော်နယ်လ်ဒိုနှင့် အတူ တွဲဖက်ကစားခွင့်ရလိုကြောင်းနှင့် ယင်းအခွင့်အရေးကို ရရှိရန် အလွန်ခက်ခဲသွားပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင်အသင်းခေါင်းဆောင် အမ်ဘာပေသည် ရီးယဲလ်မက်ဒရစ်ဂန္ထဝင်ဖြစ်သည့် ကမ္ဘာကျော် ဘောလုံးသမား စီရော်နယ်လ်ဒိုကို ၎င်း၏စံပြ (Idol) အဖြစ် သတ်မှတ်ထားသူဖြစ်သည်။ အမ်ဘာပေသည် ငယ်စဉ်က ၎င်း၏အိပ်ခန်း၌ စီရော်နယ်လ်ဒို၏ဓာတ်ပုံများကို ခန်းလုံးပြည့်ကပ်ထားပြီး စီရော်နယ်လ်ဒို လိုဖြစ်အောင် ကြိုးစားခဲ့သူဖြစ်သည်။
ထို့ပြင် အမ်ဘာပေသည် ဘောလုံးသမားဘဝတွင်လည်း Idol ဖြစ်သူ စီရော်နယ်လ်ဒိုကဲ့သို့ ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ ကစားနေသူဖြစ်သည်။ အမ်ဘာပေသည် ပြီးခဲ့သည့်နွေတွင် ရီးယဲလ်မက်ဒရစ်အသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် မိတ်ဆက်ပွဲတွင်လည်း ၂၀၀၉ တွင် စီရော်နယ်လ်ဒို မိတ်ဆက်ခဲ့စဉ်က ပြောဆိုခဲ့သည့် "Uno,dos,tres Hala Madrid" ဆိုသည့်မိတ်ဆက်စကားဖြင့် ရီးယဲလ်မက်ဒရစ်ပရိသတ်များကို နှုတ်ဆက်ခဲ့သည်။
အမ်ဘာပေသည် PSG အသင်း၌ နေမာ၊ မက်ဆီတို့ကဲ့သို့ ကမ္ဘာထိပ်တန်းကစားသမား များနှင့်အတူ တွဲဖက်ကစားခွင့်ရခဲ့သော်လည်း ၎င်း၏ Idol ဖြစ်သူ ပေါ်တူဂီဝါရင့်တိုက်စစ် ကစားသမား စီရော်နယ်လ်ဒိုနှင့်တွဲဖက်ကစားခွင့်မရသေးပေ။ အသက် ၃၉ နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် လက်ရှိတွင်ဆော်ဒီကလပ် အယ်လ်နာဆာတွင် ကစားနေရာ အမ်ဘာပေအနေဖြင့် ၎င်းနှင့်တွဲဖက်ကစား ခွင့်ရရန် အခွင့်အရေး အလွန်နည်းပါးသွား ပြီဖြစ်သည်။ ထို့ကြောင့် အမ်ဘာပေက ကစားသမားဘဝတွင် စီရော်နယ်လ်ဒိုနှင့်အတူ တွဲဖက်ကစားခွင့်ရမည်ဆိုပါက အလွန်ကောင်းမည်ဖြစ်ကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။
အမ်ဘာပေက "ကျွန်တော်ဟာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့ တွဲဖက်ကစားခွင့်ရခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ကစားသမားဘဝတစ်လျှောက် မက်ဆီ၊ နေမာ၊ ပေါ့ဘာ၊ ဂရီးဇ်မန်း၊ ဘန်ဇီမာတို့လို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့အတူ တွဲဖက်ကစားခွင့် ရခဲ့တာပါ။ စီရော်နယ်လ်ဒိုနဲ့သာ တွဲဖက်ကစားခွင့်ရမယ်ဆိုရင် အရမ်းပျော်စရာ ကောင်းမှာပါ။ ဒါပေမဲ့ အဲဒီအခွင့်အရေးကိုရဖို့က အရမ်းကို ခက်ခဲသွားပါပြီ။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ အားကစားလောကရဲ့ဂန္ထဝင်ကြီး (စီရော်နယ်လ်ဒို) နဲ့ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ခွင့်ရခဲ့တာကတော့ ကံကောင်းပါတယ်"ဟု beIN Sports သို့ပြောကြားခဲ့သည်။
အမ်ဘာပေသည် စီရော်နယ်လ်ဒိုနှင့်တွဲဖက်ကစားခွင့်မရသေးသော်လည်း ပြိုင်ဘက်အဖြစ် ကလပ်အဆင့်တွင်သာမက နိုင်ငံလက်ရွေးစင်အသင်းနှင့်ပါ ယှဉ်ပြိုင်ကစားဖူးသူဖြစ်သည်။ အမ်ဘာပေသည် ရီးယဲလ်အတွက်ပြိုင်ပွဲစုံ ၂၃ ပွဲ၌ ၁၃ ဂိုးသွင်းထားပြီး စီရော်နယ်လ်ဒို၏စံချိန်(၄၃၈ ပွဲတွင် ၄၅၀ ဂိုးသွင်း)ကို လိုက်မီရန်များစွာ ကြိုးစားရဦးမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
