Top News

လေဗာကူဆင်နောက်ခံလူ ဖရင်ပေါင်ကို လီဗာပူးလ်အသင်း စိတ်ဝင်စား
24htopnews | December 22, 2024 9:12 PM CST

 

လီဗာပူးလ်အသင်းသည် လေဗာကူဆင်ညာနောက်ခံကစားသမား ဖရင်ပေါင်အား စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

လီဗာပူးလ်ညာနောက်ခံကစား သမား အာနိုးလ်သည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး နွေရာသီတွင် ရီးယဲလ်အသင်းထံသို့ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းရွှေ့နိုင်ကြောင်း သတင်းထွက်ပေါ်နေသည်။ 

လီဗာပူးလ်အသင်းသည် အာနိုးလ်အား စာချုပ်သက်တမ်းတိုးရန် ကြိုးပမ်းနေသော်လည်း အဆင်မပြေပါက ၎င်း၏နေရာတွင် အစားထိုးရန်အတွက် နယ်သာလန်ညာနောက်ခံကစားသမား ဖရင်ပေါင်(၂၄ နှစ်)ကို စိတ်ဝင်စားနေခြင်းဖြစ်သည်။ 

ဖရင်ပေါင်မှာ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ သဘောကျသူဖြစ်ကြောင်းလည်း သိရသည်။ 


READ NEXT
Cancel OK