တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်-ရေး လမ်းပိုင်းပေါ်ရှိ ဥဿာရံကျေးရွာ အနီးတွင် ဇွန် ၁၃ ရက်က ဖြစ်ပွားခဲ့သည့် မီးရထားဝန်ထမ်း မိသားစုဝင်သုံးဦး ၎င်းတို့နေအိမ်အတွင်း အသတ်ခံရမှုဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။
ရေဖြူမြို့နယ် ဥဿာရံကျေးရွာအုပ်စုရှိ ထားဝယ်-ရေး လမ်းပိုင်း မိုင်တိုင် ၂၃/၄ တွင် နေထိုင်သော အသက် ၂၆ နှစ်အရွယ် မီးရထားဝန်ထမ်း ဂိတ်စောင့်အမျိုးသားနှင့် အသက် ၂၈ နှစ်အရွယ် ၎င်း၏ဇနီးဖြစ်သူအပြင် အသက်တစ်နှစ်ကျော်အရွယ် ကလေးငယ်တစ်ဦး ဇွန် ၁၃ ရက်က နေအိမ်အတွင်း၌ ဓားဖြင့်ထိုးသတ်ခြင်း ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ သုံးလောင်းပြိုင် အသတ်ခံခဲ့ရပြီးနောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ၁၁ ရက်အကြာတွင် လူသတ်မှု ကျူးလွန်သူ လေးဦးကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှုမှ မသင်္ကာ၍ ဖမ်းဆီးထိန်းသိမ်းထားသူ ရေဖြူမြို့နယ် ဥဿာရံကျေးရွာနေ သားသား (၂၅ နှစ်) အား ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် အမှုစစ်အဖွဲ့က စစ်ဆေးရာ ၎င်းကိုင်ဆောင်ခဲ့သောဖုန်းကို ခေါ်ယူခဲ့သည့် MPT ဖုန်းနံပါတ် တစ်ခုနှင့် ပတ်သက်၍ စုံစမ်းရာ ဖုန်းပိုင်ရှင်မှာ ဇော်လင်းဖြစ်ကြောင်း သိရ၍ ဇော်လင်းကို စစ်ဆေးရာ ဇွန် ၁၂ ရက် ည ၉ နာရီခွဲခန့်တွင် သူငယ်ချင်းဖြစ်သူ ၀ိုင်ကေနှင့် ကျော်မင်းထွန်းတို့က ငှားသွားကြောင်း၊ ထို့ကြောင့် ၀ိုင်ကေကို ခေါ်ယူစစ်ဆေးရာ ၎င်းနှင့်အတူ ကျော်မင်းထွန်းက ဇော်လင်း၏ လက်ကိုင်ဖုန်းကို အသုံးပြု၍ အောင်ကျော်ထွန်း (ခ) ဖိုးလပြည့်ထံ ဆက်သွယ်ပြီး မူးယစ်ဆေးဝါး ဝယ်ယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျော်မင်းထွန်းမှာ မွန်ပြည်နယ် ရေးမြို့နယ်သို့ ရောက်ရှိနေကြောင်း သိရ၍ ထားဝယ်ခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့က သက်သေများဖြင့် ဇွန် ၂၄ ရက် နံနက် ၄ နာရီကျော်တွင် ရေးမြို့နယ် ချောင်းတောင် ကျေးရွာသို့ သွားရောက် ရှာဖွေခဲ့ပြီး ဦးထွန်းဝင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်း၏သားဖြစ်သူ ကျော်မင်းထွန်း (၂၉ နှစ်) ကိုတွေ့ရှိ၍ ထိန်းသိမ်းခေါ်ဆောင်လာကြောင်း၊ ကျော်မင်းထွန်းကို စစ်ဆေးရာ မူးယစ်ဆေးဝါး ဝယ်ယူရာတွင် ငွေမရှိ၍ သူငယ်ချင်းဖြစ်သူ ဇော်လင်း၏ဖုန်းကို ဇွန် ၁၂ ရက် ည ၁၁ နာရီတွင် အောင်ကျော်ထွန်းထံ အပေါင်ထားပြီး မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။
ယင်းနောက် ဇော်လင်းနှင့် တွေ့သောအခါ ဖုန်းပြန်တောင်း၍ အောင်ကျော်ထွန်းထံ၌ အပေါင်ထားသောဖုန်းကို ပြန်လည်ရွေးယူရန် ငွေမရှိသဖြင့် လက်ကိုင်ဖုန်း ပြန်လည်ရရှိရေးအတွက် ကျော်မင်းထွန်းနှင့် ၀ိုင်ကေတို့က အောင်ကျော်ထွန်းအိမ်သို့ ဇွန် ၁၃ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်တွင် သွားရောက်ခဲ့ပြီး ဇော်လင်း၏ဖုန်းကို တောင်းခံခဲ့ရာ အဆင်မပြေသဖြင့် ကျော်မင်းထွန်းနှင့် ၀ိုင်ကေက အသင့်ယူဆောင်လာသော အရိုးအသွား ၁၇ လက်မခန့်ရှိ သစ်သားရိုးတပ် ငါးမန်းစွယ်များပါ ဓားဦးချွန်ဖြင့် အောင်ကျော်ထွန်းတို့ မိသားစုသုံးဦးအားထိုး၍ လည်လှီးသတ်ဖြတ်ခဲ့ကြောင်း၊ ဥဿာရံကျေးရွာနေ သိန်းသန်းဝင်း (၂၄ နှစ်) က သက်သေခံဓားကို ဖျောက်ဖျက်ဝှက်သိမ်းထားခြင်း၊ ဥဿာရံကျေးရွာနေ ဇော်လင်း (၂၂ နှစ်) က သေဆုံးသူနှင့် ဆက်သွယ်ထားသော ဖုန်းနံပါတ်အား ဖျောက်ဖျက်ခြင်းကို ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည်ဟု သိရသည်။
လက်ရှိအခြေအနေအရ ဥဿာရံကျေးရွာနေ ကျူးလွန်သူများဖြစ်သည့် ကျော်မင်းထွန်း (၂၉ နှစ်) နှင့် ၀ိုင်ကေ (၂၇ နှစ်) တို့ နှစ်ဦး လူသတ်မှုကျူးလွန်စဉ် အသုံးပြုခဲ့သည့်ဓားကို သက်သေများဖြင့် သွားရောက်၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်းထားပြီး တရားစွဲတင်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သုံးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ ရေဖြူမြို့မရဲစခန်းက (ပ)၂၈/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး အသတ်ခံရသူများမှာ အောင်ကျော်ထွန်း (၂၆ နှစ်)၊ မခင်ဖြိုးဝေ (၂၈ နှစ်)၊ မောင်စုစုငယ် (တစ်နှစ်ခွဲ) တို့ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
