ဂျူဗင်တပ်စ်အသင်း၏ ပေါ်တူဂီလက်ရွေးစင်ကစားသမား စီရော်နယ်လ်ဒိုသည် Nike ကုမ္ပဏီနှင့် ပူးပေါင်းပြုလုပ်သည့် လေ့ကျင့်ခန်းစိန်ခေါ်မှုအစီအစဉ်တွင် Core Crusher လေ့ကျင့်မှုကို ၄၅ စက္ကန့်အတွင်း ၁၄၂ ကြိမ်အထိ အံ့အားသင့်ဖွယ်ပြုလုပ်နိုင် ခဲ့ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို စီရော်နယ်လ်ဒိုနှင့် မိတ်ဖက်အဖြစ်လက်တွဲထားသည့် Nike ကုမ္ပဏီက The Living Room Cup အမည်ဖြင့် ဧပြီ ၅ ရက်တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
Nike သည် ၎င်းတို့နှင့်လက်တွဲထားသည့် ကစားသမားများ၏ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းစိန်ခေါ်မှုအစီအစဉ်ကို အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ပြီး စီရော်နယ်လ်ဒိုနှင့် စတင် လုပ်ဆောင်ခြင်းဖြစ်သည်။
Core Crusher Challenge မှာ ပက်လျက်အနေအထားဖြင့် ခြေထောက်နှစ်ဖက်ကို ထောင်ထားရပြီး လက်နှစ်ဖက်ဖြင့် ခြေထောက်ကိုထိရသည့် အိပ်ထမတင်လေ့ကျင့်ခန်း စိန်ခေါ်မှုဖြစ်ကာ စီရော်နယ်လ်ဒိုက ၄၅ စက္ကန့်အတွင်း ၁၄၂ ကြိမ်အထိ အံ့အားသင့်ဖွယ်လုပ်ပြနိုင်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒို၏ လေ့ကျင့်မှုဗီဒီယိုဖိုင်ကို ဧပြီ ၅ ရက် ည ၁၁ နာရီဝန်းကျင်တွင် Instagram ၌ တင်ခဲ့ခြင်းဖြစ်ပြီး နာရီ ၂၀ နီးပါးအကြာမှာပင် ကြည့်ရှုမှု ၁၈ ဒသမ ၅ သန်းဝန်းကျင်ရှိကြောင်း သိရသည်။
၎င်း၏စိန်ခေါ်မှုကို နာမည်ကြီးကစားသမားအချို့နှင့် ပရိသတ်များက လိုက်ပါပြုလုပ်လျက်ရှိပြီး ပေါ်တူဂီလက်ရွေးစင်အသင်းဖော်များဖြစ်သည့် မန်ယူအသင်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ၁၁၇ ကြိမ်နှင့် နောက်ခံလူ ဒါလော့က ၁၀၅ ကြိမ်၊ ရီးယဲလ်အသင်း၏ ဘရာဇီးလ်လူငယ်ကြယ်ပွင့် ဗင်နီစီယပ်စ်က ၁၂၅ ကြိမ် လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စီ ရော်နယ်လ်ဒိုသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲများ ရပ်နားထားရသည့်ကာလအတွင်း နေအိမ်၌မိသားစုနှင့်အတူ နေထိုင်လျက်ရှိပြီး ချစ်သူ ဂျော်ဂျီနာက ၎င်းအား ကိုယ်တိုင်ဆံပင်ညှပ်ပေးနေသည့် ဗီဒီယိုဖိုင်မှာလည်း တစ်ရက်အကြာမှာပင် ကြည့်ရှုမှု ၄၇ ဒသမ ၇ သန်းအထိရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
