ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းတွင် ရေးမြို့နယ် ဂူကတောကျေးရွာ၌ စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
လက်လုပ်သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသူမှာ ရေးမြို့နယ် ဒူးယားကျေးရွာနေ အသက် ၅၄ နှစ်အရွယ် ဦးညိုဆိုသူဖြစ်ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက် နံနက် ၇ နာရီခန့်က ဂူကတောကျေးရွာတွင် ဦးညိုဆိုသူနှင့် အခြားဒေသခံများအကြား စကားများရန်ဖြစ်ခဲ့ရာမှ လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ဦးညိုက ဂူကတောကျေးရွာမှာ လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခံရတာပါ။ ဦးညိုမှာ ဒဏ်ရာတွေက များတော့ စိုးရိမ်ရတဲ့အခြေအနေမျိုးရှိနေတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးညိုတွင် ဘယ်ဘက်လက်ဖျံ၊ ညာဘက်လက်ကောက်ဝတ်၊ ဘယ်ဘက်ရင်အုံ၊ ဘယ်ဘက်ပုခုံး၊ ဘက်ဘက်ပေါင်တွင် ကျည်စဖောက်ဝင်ဒဏ်ရာများရရှိခဲ့သည့်အပြင်၊ ကျောကုန်းတွင်လည်း ကျည်စဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျည်စထိမှန်ဒဏ်ရာများရရှိခဲ့သူ ဦးညိုအား ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း ၎င်းဒေသခံက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်းလည်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
