Top News

မြန်မာ့အရေးတွင် ဘက်ပေါင်းစုံပါဝင်သည့် ဆွေးနွေးပွဲဖြစ်လာရေး အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုက ဆွေးနွေးခဲ့ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိပြောကြား
24htopnews | December 21, 2024 6:12 PM CST

မြန်မာ့အရေးတွင် ဘက်ပေါင်းစုံပါဝင်သည့် ဆွေးနွေးပွဲဖြစ်လာရေး အာဆီယံအဖွဲ့ ဝင်နိုင်ငံအများစုက အလေးထားဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း BBC သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

ဒီဇင်ဘာ ၂၀ ရက် ထိုင်းနိုင်ငံတွင်ကျင်းပသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံကိုးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် အလွတ်သဘောဆွေးနွေးပွဲအပြီးပြုလုပ်သည့် သတင်းရှင်းလင်းပွဲက ၎င်းထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အလွတ်သဘော ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်က  မြန်မာနိုင်ငံ၏အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့်  ထိုင်း နိုင်ငံ တို့မှ ကိုယ်စားလှယ်များ သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကာ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေလည်း တက်ရောက်ဆွေးနွေးခဲ့သည်။ 

ဒီဇင်ဘာ ၁၉ ရက် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် ရွေးကောက် ပွဲ ကျင်းပရေးအတွက် မြန်မာနိုင် ငံ၏တိုးတက် မှုအကြောင်းနှင့် နစကသည် မြန်မာ့အရေးကို ငြိမ်းချမ်း စွာဖြေရှင်းရန် ကြိုး ပမ်းနေသော အဖွဲ့အား လုံးနှင့်ဆွေးနွေးရေးအတွက် လမ်းဖွင့်ထား သည်ဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး က ပြောကြားကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ်ဆန်ဂီယန်ပွန်ဆာက ဆွေးနွေးပွဲ အပြီးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။


READ NEXT
Cancel OK