Top News

ချယ်လ်ဆီးနှင့်အတူ ဂီမာရေ့စ်၊ ဖီအိုရင်တီးနား၊ ရက်ပစ်ဝီအန်၊ ယာဂါးဒန်း၊ လူဂါနို၊ လီဂီယာဝါဆော၊ ဆာကယ်ဘရုဂေးအသင်းတို့ ကွန်းဖရန့်လိဂ် ရှုံးထွက်အဆင့်သို့တက်ရောက်
24htopnews | December 21, 2024 4:12 PM CST

 

၂၀၂၄-၂၀၂၅ ရာသီ ကွန်းဖရန့်လိဂ်ပြိုင် ပွဲ လိဂ်ပွဲစဉ်များပြီးဆုံးသွားပြီဖြစ်ပြီး ရာနှုန်းပြည့်အနိုင်ရသည့် ချယ်လ်ဆီးအသင်းနှင့်အတူ ဂီမာရေ့စ်၊ ဖီအိုရင်တီးနား၊ ရက်ပစ်ဝီအန်၊ ယာဂါးဒန်း၊ လူဂါနို၊ လီဂီယာဝါဆော၊ ဆာကယ်ဘရုဂေးအသင်းတို့ ၁၆ သင်းအဆင့် သို့ တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့ကြောင်း သိရသည်။

ကွန်းဖရန့်လိဂ် ပွဲစဉ် (၆) ကို ဒီဇင်ဘာ ၁၉ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ပွဲစဉ်အားလုံးပြီးဆုံးသွားပြီးနောက် ၁၆ သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရသည့်ရှစ်သင်း၊ Play-offs ကစားရမည့် ၁၆ သင်းနှင့် ပြိုင်ပွဲမှ ထွက်ရသည့် ၁၂ သင်း အဖြေထွက်ပေါ်ခဲ့ သည်။ 

ပွဲစဉ်အားလုံးအပြီးတွင် ချယ်လ်ဆီးအသင်းက ရာနှုန်းပြည့်အနိုင်ရလဒ်ဖြင့် ၁၈ မှတ်ရရှိကာ ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခဲ့ပြီး ဂီမာရေ့စ်အသင်းက ၁၄ မှတ်ဖြင့် ဒုတိယ၊ ဖီအိုရင်တီးနား၊ ရက်ပစ်ဝီအန်၊ ယာဂါးဒန်းနှင့် လူဂါနိုအသင်းတို့က ၁၃ မှတ်စီ၊ လီဂီယာဝါ ဆောအသင်းက ၁၂ မှတ်၊ ဆာကယ်ဘရုဂေး အသင်းက ၁၁ မှတ်ဖြင့် အဆင့် ၂ မှ ၈ အထိ ရပ်တည်နိုင်ခဲ့သည်။

ယာဂယ်လိုနီယာ၊ ရှမ်ရော့ခ်ရိုဗာနှင့် APOEL အသင်းတို့မှာ ဆာကယ်ဘရုဂေး အသင်းနှင့်အတူ ၁၁ မှတ်စီရရှိသော်လည်း ဂိုးကွာခြားချက်အရ အဆင့် ၉၊ ၁၀၊ ၁၁ နေရာ သာ ရပ်တည်နိုင်ခဲ့ပြီး ပါဖိုးစ်၊ ပါနာသီနေ ကော့စ်၊ အိုလင်ပီယာ၊ ဘက်တစ်နှင့် ဟိုင်းဟိုင် အသင်းတို့က ၁၀ မှတ်စီဖြင့် အဆင့် ၁၆ အထိ လည်းကောင်း၊ KAAဂျန့်အသင်းက ကိုးမှတ်၊ ကိုပင်ဟေဂင်၊ ဗိုက်ကင်ဂါနှင့် ဘိုရက်အသင်း တို့က ရှစ်မှတ်စီ၊ ဆယ်ရယ်၊ အိုမိုနီးယား၊  မိုလ် ဒီနှင့် TSC အသင်းတို့က ခုနစ်မှတ်စီဖြင့် အဆင့် ၂၄ အထိလည်းကောင်း ရပ်တည်ခဲ့သည်။ 

အဆင့် ၂၅ မှ ၃၆ အထိ ရပ်တည်ခဲ့သည့် ဟတ်စ်၊ ဘာရှက်ဆီဟီ၊ မီလာဒါ၊ အက်စ်တာ နာ၊ စိန့်ဂယ်လန်၊ HJK၊ နိုအာ၊ နယူးစိန့်စ်၊ ဒီနာမိုမင့်ခ်၊ လာနယ်၊ LASK၊ ပယ်သရိုကူ အသင်းတို့မှာမူ ပြိုင်ပွဲမှထွက်ခဲ့ရသည်။

ဇယားထိပ်ဆုံးရှစ်သင်း ရပ်တည်မှု

အသင်း    ပွဲ    နိုင်    သရေ    ရှုံး    ရမှတ်

ချယ်လ်ဆီး    ၆    ၆    ၀    ၀    ၁၈

ဂီမာရေ့စ်        ၆    ၄    ၂    ၀    ၁၄

ဖီအိုရင်တီးနား    ၆    ၄    ၁    ၁    ၁၃

ရက်ပစ်ဝီအန်    ၆    ၄    ၁    ၁    ၁၃

ယာဂါးဒန်း        ၆    ၄    ၁    ၁    ၁၃

လူဂါနို        ၆    ၄    ၁    ၁    ၁၃

လီဂီယာဝါဆော    ၆    ၄    ၀    ၂    ၁၂

ဆာကယ်ဘရုဂေး    ၆    ၃    ၂    ၁    ၁၁


READ NEXT
Cancel OK