မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက Asean Cup ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်ရေး မျှော်လင့်ချက်အတွက် ဗီယက်နမ်နှင့် အုပ်စုနောက်ဆုံးပွဲတွင် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာအသင်းသည် သုံးပွဲကစား၊ ရမှတ် လေးမှတ်ရရှိထားရာ ဗီယက်နမ်အသင်းကို အနိုင်ရမှသာ နောက်တစ်ဆင့်တက်ရန် မျှော်လင့်နိုင်မည်ဖြစ်ပြီး သရေကျပါက အခြားပွဲရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ အုပ်စု (B) နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၂၁ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် တစ်ချိန်တည်းယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ၌ ဗီယက်နမ်အသင်းနှင့် မြန်မာအသင်း၊ အင်ဒိုနီးရှားနိုင်ငံ၌ အင်ဒိုနီးရှားအသင်းနှင့် ဖိလစ်ပိုင်အသင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဦးမျိုးလှိုင်ဝင်းက "လာအိုနဲ့ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် နောက်တစ်ဆင့်တက်ဖို့ ဆက်လက်မျှော်လင့်နိုင်ခဲ့တာဖြစ်ပါတယ်။ လာအိုနဲ့ပွဲမှာ တစ်ဂိုးအသာနဲ့ တောက်လျှောက် ဦးဆောင်နိုင်ခဲ့ပေမဲ့ နှစ်ဂိုးပြန်ပေးလိုက်ရပြီး နောက်ကပြန်လိုက်ကစားခဲ့ရပါတယ်။ ဒါ ပေမဲ့ ပွဲပြီးခါနီးမှာ ဂိုးတွေပြန်ရခဲ့လို့ အနိုင်ရခဲ့တာပါ။ ဒီပွဲအနိုင်ရခဲ့တာက ကစားသမားတွေရဲ့ နောက်ဆုံးအချိန်ထိ ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခဲနက် လာရောက်အားပေးတဲ့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့်လည်းပါပြီး လာအိုနဲ့နိုင်ပွဲအတွက် ပရိသတ်နဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။ ဗီယက်နမ်အသင်းက သရေကျခဲ့တာကြောင့် ကျွန်တော်တို့အသင်းအနေနဲ့ နောက်ဆုံးပွဲမှာ ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်သလို အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပွဲကိုလည်း စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အကောင်းဆုံးရလဒ်ရရှိဖို့ ကြိုးစားမှာပါ။ ကစားသမားတွေအပေါ်မှာလည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ ပြီးခဲ့တဲ့သုံးပွဲလိုပဲ ပွဲချိန်ပြည့် စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားကြမယ် ဆိုတာပါ။ ကစားသမားတွေအနေနဲ့ လာအိုနဲ့ပွဲမှ အကောင်းဆုံးကြိုးစားကြတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲတွေမှာလည်း ပွဲချိန်ပြည့် ကြိုးစားခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။
လာအိုအသင်းနှင့် နိုင်ပွဲမှာ မြန်မာ့လက် ရွေးစင်အသင်း နည်းပြချုပ်သစ် ဦးမျိုးလှိုင်ဝင်း အတွက် နိုင်ငံတကာပြိုင်ပွဲတွင် ပထမဆုံးရယူနိုင်သည့် နိုင်ပွဲဖြစ်ခဲ့သည်။ ဦးမျိုးလှိုင်ဝင်းသည် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲသုံးပွဲကစားရာတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားသည်။
အုပ်စု (B) တွင် နောက်တစ်ဆင့်တက် ရောက်ရန် လာအိုအသင်းမှလွဲ၍ ကျန်လေးသင်းစလုံး အခွင့်အရေးရှိနေပြီး ဗီယက်နမ် အသင်းမှာမူ အခွင့်အရေးအများဆုံးဖြစ်နေသည်။ ဗီယက်နမ်အသင်းက ခုနစ်မှတ်ဖြင့် ဦးဆောင်နေပြီး အင်ဒိုနီးရှားနှင့် မြန်မာ အသင်းက လေးမှတ်စီ၊ ဖိလစ်ပိုင်အသင်းက သုံးမှတ်ရရှိထားသည်။ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် Asean Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် နောက်ဆုံးနှစ်ကြိမ်ဆက်တိုက် တွေ့ဆုံခြင်းဖြစ်ပြီး ၂၀၂၂ ပြိုင်ပွဲတွင် အဝေးကွင်း၌ (၃-၀) ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် Asean Cup ပြိုင်ပွဲတစ်လျှောက် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံရာတွင် ရလဒ်မကောင်းဘဲ အရေးနိမ့်ထားသဖြင့် ယခုအကြိမ်တွေ့ဆုံရာတွင်လည်း ရမှတ်ရယူနိုင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
