မြန်မာ့လက်ရွေးစင်အသင်း တောင်ပံတိုက်စစ်ကစားသမား မောင်မောင်လွင်သည် ပွဲပယ်ပြစ်ဒဏ်ကြောင့် ဗီယက်နမ်အသင်းနှင့် ယှဉ်ပြိုင်ရမည့် အုပ်စုနောက်ဆုံးပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်လွင်သည် လာအိုအသင်းအား အနိုင်ရသည့်ပွဲတွင် ဒုတိယမြောက် အဝါကတ်ပြသခံရသဖြင့် (ပြိုင်ပွဲစည်းမျဉ်းအရ အုပ်စုပွဲများတွင် အဝါကတ် နှစ်ကြိမ်ပြသခံရပါက တစ်ပွဲပယ်) ပွဲပယ်ခံရခြင်းဖြစ်သည်။ မောင်မောင်လွင်သည် အင်ဒိုနီးရှားကို အရေးနိမ့်သည့် အုပ်စုပထမပွဲတွင် ပထမအကြိမ် အဝါကတ်ပြသခံထားရသောကြောင့် တစ်ပွဲပယ်ခံရခြင်းဖြစ်သည်။
ဗီယက်နမ်နှင့် အုပ်စုနောက်ဆုံးပွဲမှာ မြန်မာအသင်းအတွက် ဆီမီးဖိုင်နယ်တက်ရောက် ရေး အရေးပါသည့်ပွဲဖြစ်နေပြီး မောင်မောင်လွင် မပါဝင်နိုင်သဖြင့် တိုက်စစ်တွင် ကစားသမား အပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်သည်။
မောင်မောင်လွင်သည် ယခုပြိုင်ပွဲတွင် မြန်မာအသင်းအတွက် တစ်ဂိုးသွင်းယူပေးထားပြီး (၃)ပွဲစလုံး ခြေစွမ်းပြကစားနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
