Top News

ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆုကြေးစုစုပေါင်း ဒေါ်လာသုံးသန်း ချီးမြှင့်မည်
24htopnews | December 21, 2024 4:12 PM CST

 

မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်း ဝင်ရောက်ယှဉ်ပြိုင်နေသည့် ၂၀၂၄-၂၀၂၅ ရာသီ အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆုကြေးစုစုပေါင်း ဒေါ်လာသုံးသန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် ချန်ပီယံအသင်းအတွက် ဆုကြေးအပြင် နောက်ဆုံးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရသည့် အသင်းများအတွက် ထောက်ပံ့ကြေး၊ တစ်ပွဲ ချင်းအလိုက် ထောက်ပံ့ကြေးများလည်း ပေးအပ်လျက်ရှိသည်။ AFF ၏ ထုတ်ပြန်ချက်အရ ချန်ပီယံဆုရရှိသည့်အသင်းမှာ ဒေါ်လာ ငါးသိန်းရရှိမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံးကို ဒေါ်လာတစ်သိန်းစီ ထောက်ပံ့မည်ဖြစ်သည်။ 

ထို့ပြင် တစ်ပွဲချင်းအလိုက် ထောက်ပံ့ကြေး ဒေါ်လာတစ်သောင်းစီ ပေးအပ်နေပြီး ဆီမီးဖိုင်နယ်ရောက်ရှိသည့်အသင်းနှင့် ဒုတိယဆုရအသင်းတို့ကိုလည်း သတ်မှတ်ထားသည့် ဆုကြေးငွေများ ပေးအပ်မည်ဖြစ်သည်။

ဆယ်စုနှစ် နှစ်ခုနီးပါးအကြာတွင် ပြန်လည်ကျင်းပသည့် အာဆီယံကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ခြောက်သင်း နှစ်အုပ်စုခွဲ၍ ကျင်းပလျက်ရှိပြီး အုပ်စု (A) တွင် BG ပါသွန်ယူနိုက်တက် (ထိုင်း)၊ မာကာဆာ (အင်ဒို နီးရှား)၊ ထန်ဟွာ (ဗီယက်နမ်)၊ တီရန်ဂါနူး (မလေးရှား)၊ ရှမ်းယူနိုက်တက် (မြန်မာ)၊ Svay Rieng (ကမ္ဘောဒီးယား)၊ အုပ်စု (B) တွင် ဘူရီရမ်ယူနိုက်တက် (ထိုင်း)၊ ဟနွိုင်း (ဗီယက်နမ်)၊ ကွာလာလမ်ပူစီးတီး (မလေး ရှား)၊ ဘော်နီယို (အင်ဒိုနီးရှား)၊ Lins City (စင်ကာပူ)နှင့် ကာယာ (ဖိလစ်ပိုင်) တို့ ပါဝင် နေသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် ယင်း ပြိုင်ပွဲတွင် အုပ်စုနှစ်ပွဲကစားပြီးနောက် ထန်ဟွာနှင့် မာကာဆာအသင်းတို့ကို အဝေးကွင်း၌ အရေးနိမ့်ထားပြီး လက်ကျန်သုံးပွဲ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။


READ NEXT
Cancel OK