Top News

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၇၀၊ ဒီဇယ်တစ်လီတာ ကျပ် ၈၀ အထိ မြင့်တက်လာ
24htopnews | December 21, 2024 3:12 PM CST

ရန်ကုန်တွင် စက်သုံးဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ဓာတ်ဆီတစ်လီတာ ကျပ် ၇၀၊ ဒီဇယ်တစ်လီတာ ကျပ် ၈၀ အထိ မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်သည့် ဈေးနှုန်းများအရ သိရသည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ရောင်းချလျက်ရှိသည့် ဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၃၁၁၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၂၂၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်ကျပ် ၂၆၅၅၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၃၂၉၀ ဖြစ်ကြောင်း သိရသည်။

ယခင်က ရောင်းချလျက်ရှိသည့် စက်သုံးဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ကျပ် ၃၀၄၀၊ ၉၅ တစ်လီတာလျှင် ကျပ် ၃၁၅၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင်ကျပ် ၂၅၉၀၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၃၂၁၀ ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ဓာတ်ဆီအမျိုးအစားများမှာ တစ်လီတာလျှင် ကျပ် ၇၀၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၈၀ မြင့်တက်လာခြင်းလည်းဖြစ်သည်။

“ပြီးခဲ့တဲ့ တပတ်ကတော့ကျတယ်။ ကျတာက တစ်လီတာကို ၃၀ လောက်ကျတယ်။ အခုကျတော့ ပြန်တက်တာာ ၇၀ ဖြစ်သွားတယ်” ဟု ရန်ကုန်မြို့တွင်း မော်တော်ယာဉ်မောင်းနှင်သူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် တပတ်က ကျဆင်းခဲ့သည် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃၀ ခန့်၊ ဒီဇယ် တစ်လီတာလျှင်ပျမ်းမျှ ကျပ် ၅၀ ကျော် ကျဆင်းခဲ့ကြောင်း စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK