မြန်မာအားကစားအဖွဲ့များသည် ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ကစားသမား ၂၀၀ ကျော်ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြန်မာအားကစားအဖွဲ့များသည် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် မတ်လကတည်းက စခန်းဝင်လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ယှဉ်ပြိုင် ရန် ရွေးချယ်ထားသည့် အားကစားနည်း ၁၈ မျိုးအနက် အများစုမှာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရွေးချယ်ထားသည့် အားကစားနည်းများအနက် ဘောလုံးအမျိုးသားနှင့် အမျိုးသမီး အသင်းများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် လေ့ကျင့်ခြင်းမရှိသေးသော်လည်း ယခုလအတွင်း ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲအတွက် လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
မြန်မာအားကစားအဖွဲ့များသည် နေပြည် တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တွင် စခန်းဝင် လေ့ကျင့်မှု ပြုလုပ်လျက်ရှိပြီး နေပြည်တော် တွင် အင်အားအများဆုံးဖြင့် လေ့ကျင့်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြားပစ်၊ ပြေးခုန်ပစ်၊ ဘောလုံး/ဖူဆယ်၊ လက်ဝှေ့၊ ဘိလိယက်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ ဂျူဒို၊ တိုက် ကွမ်ဒို၊ ဗိုဗီနမ်၊ အလေးမ၊ သေနတ်ပစ်၊ လှေ လှော်၊ ပီတန်း၊ ဂေါ့ဖ်၊ စစ်တုရင်၊ ကာယဗလနှင့် ဝူရှူးအားကစားနည်းများ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ စခန်းဝင်လေ့ကျင့်ခြင်းမရှိသေးသည့် အားကစားအဖွဲ့အချို့မှာလည်း ကစား သမားတစ်ဦးချင်းစီအလိုက် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး ဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပမည့်ကာလ သတ်မှတ်ပြီးမှသာ စခန်းဝင်လေ့ကျင့် မှု ပြုလုပ်သွားမည်ဖြစ်သည်။
စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ အားကစားအဖွဲ့များအနက် နေပြည်တော် တွင် အားကစားသမား ၁၃၀ ကျော်၊ ရန်ကုန် နှင့် မန္တလေးမြို့တွင် အားကစားသမား ၇၀ ဝန်းကျင် လေ့ကျင့်လျက်ရှိပြီး ယင်းအားကစား သမားစာရင်းတွင် ဘောလုံးအသင်းများကို ထည့်သွင်းထားခြင်းမရှိသေးကြောင်း သိရသည်။ မြန်မာအားကစားအဖွဲ့များတွင် အုပ်ချုပ်မှုအဖွဲ့၊ နည်းပြအဖွဲ့နှင့် အားကစားသမား စုစုပေါင်း ၂၅၀ ကျော်ရှိပြီး စခန်းဝင်မလေ့ကျင့် ရသေးသည့် အားကစားအဖွဲ့များ ထပ်တိုးလာ ပါက အင်အားစုစုပေါင်း ၄၀၀ ကျော်သွား ဖွယ်ရှိနေသည်။
ဗီယက်နမ်ဆီးဂိမ်းစ်ပြိုင်ပွဲကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပနိုင်ခြင်းမရှိဘဲ လာမည့် နှစ်သို့ ရွှေ့ဆိုင်းထားရသည်။ ဗီယက်နမ် အိုလံပစ်ကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလကုန် သို့မဟုတ် မေလဆန်းတွင် ပြန် လည်ကျင်းပရန် လျာထားပြီး ကပ်ရောဂါ အပေါ်မူတည်၍ ရက်သတ်မှတ်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲ ရွှေ့ဆိုင်းသွားသော်လည်း ဝင်ရောက်ယှဉ်ပြိုင် မည့် အားကစားနည်းများ ပြောင်းလဲတော့ မည်မဟုတ်ဘဲ ယခင်စီစဉ်ထားသည့်အတိုင်း အားကစားနည်း ၁၈ မျိုးသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် လာမည့်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် အားကစားနည်းအရေအတွက်ကို ပုံမှန်ထက် လျှော့ချထားပြီး ရွှေဆုအပါအဝင် ဆုတံဆိပ် ရနိုင်သည့် အားကစားနည်းများနှင့် ဘောလုံး၊ ဘော်လီဘောကဲ့သို့ မဖြစ်မနေယှဉ်ပြိုင်ရမည့် အားကစားနည်းများသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာအား ကစားအဖွဲ့သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ တံဆိပ်လေးခုသာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
