Top News

ဖြူသလား၊ နီသလား၊ ပြာသလား လန်ဒန်
24htopnews | December 21, 2024 2:12 PM CST

ပြီးခဲ့တဲ့ ရက်သတ္တပတ် ပရီးမီးယားလိဂ်မှာ စိတ်ဝင်စားစရာ ပွဲကောင်းတွေ များခဲ့တယ်။ တူဟယ်လ်ကို လက်စားချေခဲ့တဲ့ ဂွါဒီယိုလာ၊ အိမ်ကွင်းမှာ ဗီလာကို စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်၊ လီဗာပူးလ်ကို အံ့အားသင့်ဖွယ် သရေလိုက်ကစားနိုင်ခဲ့တဲ့ တန်းတက်ဘရန့်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်တွေပေါ့။ ဒီထဲမှာ အာဆင်နယ်နဲ့ စပါးတို့ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်နဲ့ နောက်ဆက်တွဲ ပြောစကားတွေ၊ သက်ရောက်မှုတွေကတော့ စိတ်ဝင်စားဖို့ အကောင်းဆုံး ဖြစ်ခဲ့တယ်။ Sky Sports ရဲ့ ပင်တိုင်ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ ယူနိုက်တက်ကစားသမားဟောင်း ဂယ်ရီနဗီးလ်ရော၊ အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်ရော အာဆင်နယ်ရဲ့ ခြေစွမ်းကို ချီးမွမ်းခဲ့ကြပြီး စပါးနဲ့ နူနိုဆန်တိုတို့ရဲ့ အကျပ်အတည်းကို အကျေအလည် သုံးသပ်ခဲ့ကြတယ်။ ချယ်လ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့အကြောင်းလည်း ပါခဲ့တယ်။ အဲဒါကြောင့် ဒီဆောင်းပါးမှာ သူတို့နှစ်ဦးရဲ့အမြင် နဲ့ သုံးသပ်မှုတွေကို အဓိက ဖော်ပြသွားပါမယ်။


READ NEXT
Cancel OK