Top News

လီဗာပူးလ်-မန်စီးတီးပွဲမတိုင်မီ ပြိုင်ဘက်နှစ်ဦးဖြစ်သည့် ယာဂန်ကလော့ပ်နှင့်ဂွါဒီယိုလာ အပြန်အလှန် ချီးကျူးစကား ဆို
24htopnews | December 21, 2024 2:12 PM CST

 

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်နှင့် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ယနေ့ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အပြန်အလှန် ချီးကျူးစကားပြောကြားခဲ့ကြောင်း သိရသည်။

လီဗာပူးလ်နှင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ယနေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီအချိန်တွင် အန်ဖီးလ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မန်စီးတီးအသင်းနှင့်ပတ်သက်၍ ယာဂန်ကလော့ပ်က "ကျွန်တော့်အတွက်ကတော့ သူတို့က ဥရောပအကောင်းဆုံးအသင်း ဖြစ်နိုင်တယ်ဆိုတာ တကယ်မှန်ပါတယ်။ ဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ပြီးခဲ့တဲ့တစ်ပတ်က သူတို့ ချယ်လ်ဆီးနဲ့ ကစားခဲ့ရတယ်။ လူတိုင်းက ချယ်လ်ဆီးအကြောင်းပဲ ပြောနေကြတယ်။ သူတို့ဘယ်လောက်ကောင်းတယ်၊ သူတို့ကောင်းတယ်၊ အိုး ဘုရားရေ၊ သူတို့ တကယ်ကောင်းတယ်ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ စီးတီးက ပိုကောင်းတယ်ဆိုတာ သေချာပါတယ်။ အခုပွဲက ဒီရာသီအတွက် တကယ်ထူးခြားတဲ့ပွဲပါ။ နှစ်တိုင်းလည်း အဲဒီလိုပါပဲ။ တကယ်ပြင်းထန်တဲ့ပွဲဖြစ်လာမှာပါ။ စီးတီးကရင်ဆိုင်ရတာ တကယ်ခက်ခဲတဲ့ ပြိုင်ဘက်ပါ။ ရဲရင့်ဖို့၊ အခွင့်အရေး အသုံးချနိုင်ဖို့၊ အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်။ ဒါပေမဲ့ အခွင့်အရေးရဖို့လည်း လိုပါတယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

ဂွါဒီယိုလာကလည်း ယာဂန်ကလော့ပ်မှာ မိမိအား ပိုကောင်းသည့်မန်နေဂျာတစ်ဦး ဖြစ်လာစေရန် ကူညီပေးခဲ့သူဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ "သူ့ရဲ့အသင်းက ကျွန်တော့်ကို ပိုကောင်းတဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာအောင် ကူညီပေးခဲ့ပါတယ်။ သူက ကျွန်တော့်ကို နောက်ထပ်အဆင့်တစ်ခု ရောက်အောင် ပို့ပေးခဲ့တာပါ။ သူတို့ကိုအနိုင်ယူဖို့၊ ပိုကောင်းတဲ့ မန်နေဂျာတစ်ယောက် ဖြစ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်သက်သေပြနိုင်ဖို့အကြောင်းတွေ စဉ်းစားခဲ့ရပါတယ်။ အဲဒါက ဒီပြိုင်ပွဲမှာ ကျွန်တော်ဆက်ရှိနေရတဲ့ အကြောင်းပြချက်ပါ။ တချို့မန်နေဂျာတွေ၊ ယာဂန်ကလည်း အဲဒီသူတွေထဲမှာ တစ်ယောက်အပါအဝင်ပေါ့။ သူတို့တွေရဲ့စိန်ခေါ် မှုက ကိုယ့်ကိုရှေ့တစ်လှမ်းပိုရောက်စေပါ တယ်။ အန်ဖီးလ်မှာ ပရိသတ်တွေ ကွင်းလုံးပြည့်ပြန်ပြီးဖြစ်တာကိုလည်း အရမ်းဝမ်းသာပါတယ်။ အံ့အားသင့်ဖွယ်ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ပျော်ရွှင်ရမှာပါ။ ဒါကို ရင်ဆိုင်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကစားသမားတွေကလည်း အန်ဖီးလ်မှာ ပရိသတ်တွေနဲ့အတူ ကစားရတာကို ပိုပြီးသဘောကျမှာပါ" ဟု ၎င်းက ဆိုသည်။


READ NEXT
Cancel OK