အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်သည် အောက်တိုဘာလအတွင်း ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲအတွက် ကစားသမား ၂၃ ဦးစာရင်းကို ထုတ်ပြန်ရာ နောက်ခံလူ တိုမိုရီနှင့် တိုက်စစ်မှူး ဝက်ကင်စ်တို့ ပြန်လည် ပါဝင်လာပြီး ဂိုးသမား ရမ်းစ်ဒေးလ်မှာလည်း ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု (I) အဖြစ် အောက်တိုဘာ ၉ ရက်တွင် အန်ဒိုရာနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ဟန်ဂေရီနှင့် အိမ်ကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်း ပွဲစဉ်များအတွက် ကစားသမား ၂၃ ဦးစာရင်း ရွေးချယ်ထားသည်။
ယခုလူစာရင်းတွင် ၂၀၁၉ နိုဝင်ဘာနောက်ပိုင်း လက်ရွေးစင်အသင်းနှင့် ဝေးကွာနေသည့် အေစီမီလန် အသင်းနောက်ခံလူ တိုမိုရီနှင့် ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် ကနဦးစာရင်းတွင် နောက်ဆုံး အကြိမ် ပါဝင်ခွင့်ရခဲ့သည့် ဗီလာအသင်းတိုက် စစ်မှူး ဝက်ကင်စ်တို့ ပြန်လည်ရွေးချယ်ခံခဲ့ရသည်။
ထို့ပြင် အာဆင်နယ်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေပြီး လက်စွမ်းပြကစားနေသည့် ဂိုးသမား ရမ်းစ်ဒေးလ်မှာလည်း စီနီယာလက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရသည်။ ခြေဖဝါး ဒဏ်ရာသက်သာလာသည့် မန်စီးတီးအသင်း လူငယ်ကြယ်ပွင့် ဖိုဒန် ပြန်လည်ရွေးချယ်ခံရသော်လည်း မန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ မက်ဂွိုင်းရားနှင့် လီဗာပူးလ်အသင်း ညာနောက်ခံလူ အာနိုးလ်တို့မှာမူ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ဆောက်ဂိတ်က မန်ချက်စတာယူနိုက်တက်အသင်းတွင် ပုံမှန် ကစားခွင့်မရသည့် ဆန်ချိုမှာ လူစာရင်း၌ ရွေးချယ်ခံထားရသော်လည်း လုံလောက်သည့် စွမ်းဆောင်ရည်မရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
