Top News

ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသည့် တောင်အမေရိကအခြေစိုက်ကစားသမားများ နိုင်ငံပွဲကစားရန်ဗြိတိန်အစိုးရ ခွင့်ပြုမည်
24htopnews | December 21, 2024 2:12 PM CST

 

ဗြိတိန်အစိုးရအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံပြီးသည့် တောင်အမေရိကအခြေစိုက် ကစားသမားများအား နိုင်ငံပွဲသွားရောက်ကစားရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း The Guardian သတင်းဌာန၏ ဖော်ပြမှုအရ သိရသည်။

တောင်အမေရိကနိုင်ငံများမှာ ဗြိတိန် အစိုးရ၏ Red List စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သော်လည်း ကာကွယ်ဆေးထိုးပြီးသူများ အတွက် စည်းမျဉ်းပြောင်းလဲပေးဖွယ်ရှိနေ ခြင်းဖြစ်သည်။ စည်းမျဉ်းသစ်အရ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအနေဖြင့် Red List စာရင်းဝင်နိုင်ငံများသို့ သွားရောက်ခွင့် ရမည်ဖြစ်သလို ပြန်လည်ရောက်ရှိလာချိန်တွင်လည်း အသင်းနှင့်အတူ လေ့ကျင့်ခွင့်၊ ပွဲစဉ်များ ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

သို့သော် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားခြင်းမရှိသူများမှာမူ တင်းကျပ်သည့်စည်းမျဉ်းများ ရင်ဆိုင်ရမည်ဖြစ်ပြီး Red List နိုင်ငံ များမှ ပြန်လည်ရောက်ရှိပါက ဟိုတယ်တွင် Quarantine ၁၀ ရက် နေထိုင်ရမည်ဖြစ်သည်။ ယင်းအခြေအနေမှာ ပရီးမီးယားလိဂ်မှ ပြည်ပကစားသမားများအတွက် ကြိုဆိုရမည့်ကိစ္စ ဖြစ်သော်လည်း ကလပ်အသင်း ၂၀ အနက် ခုနစ်သင်းသာ ရာခိုင်နှုန်း ၅၀ အထက် ကာကွယ်ဆေးထိုးရသေးကြောင်း သိရသည်။

စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်ကာလတွင် ပရီးမီးယားလိဂ်ကလပ်များက Red List စာရင်းဝင် နိုင်ငံများမှ ကစားသမားများကို စေလွှတ်ခြင်းမရှိသောကြောင့် သက်ဆိုင်ရာ နိုင်ငံဘောလုံးအဖွဲ့ချုပ်များနှင့် တင်းမာသည့်အခြေအနေ ဖြစ်ပွားခဲ့ရသည်။


READ NEXT
Cancel OK