Top News

ပြင်သစ်လီဂူးပွဲစဉ် (၉) ပွဲကြိုသုံးသပ်ချက်
24htopnews | December 21, 2024 2:12 PM CST

ရန်းစ် - PSG (တနင်္ဂနွေညနေ ၅း၃၀ နာရီ)

PSG အတွက်တော့ ဘယ်လောက်ထိ နိုင်ပွဲတွေဆက်ဦးမ လဲပဲ စောင့်ကြည့်ရတော့မယ်။ အခုလည်း ရန်းစ်တို့ အိမ်ကွင်း အားနဲ့တုံ့ပြန်ကစားလာနိုင်ပေမဲ့ အမှတ်ရဖို့ မျှော်လင့်ချက်မရှိသ လောက်ပါပဲ။ PSG ပဲ နိုင်ပွဲဆက်သွားလိမ့်မယ်။

အန်ဂါစ် - မက်ဇ် (တနင်္ဂနွေည ရး၃၀ နာရီ)

ပြီးခဲ့တဲ့ပွဲမှာ နိုင်ပွဲစရခဲ့တဲ့ မက်ဇ်တို့ စိတ်ဓာတ်လည်းတက် နေနိုင်တယ်။ ဒါပေမဲ့ အန်ဂါစ်ရဲ့ အိမ်ကွင်းကစားအားကို တော့ ပွဲချိန်ပြည့်တောင့်ခံနိုင်မယ်မထင်ဘူး။ အန်ဂါစ်ပဲကြိုက်တယ်။

လော်ရီယန့် - ကလယ်မွန့် (တနင်္ဂနွေည ရး၃၀ နာရီ)

(၅)ပွဲဆက်နိုင်ပွဲပျောက်ပြီး ကလယ်မွန့်တို့ ဇယားအောက် နားနဲ့နီးသွားတယ်။ ခြေစွမ်းလည်းကျဆင်းသွားတာအမှန်ပါ။ အခုလည်း အိမ်ရှင်လော်ရီယန့်တို့ပဲ နိုင်ပွဲယူသွားလိမ့်မယ်။

မိုနာကို - ဘော်ဒိုး (တနင်္ဂနွေည ရး၃၀ နာရီ)

မိုနာကိုက နိုင်ပွဲတွေဆက်ပြီး လမ်းကြောင်းမှန်ပေါ် ပြန် ရောက်လာတယ်။ ကစားပုံကလည်း တည်ငြိမ်မှုရှိလာပါတယ်။ ဘော်ဒိုးက မာကျောမှုမရှိဘူး။ မိုနာကိုကိုပဲ ရွေးထားချင်တယ်။

နန့်စ် - ထရွိုင်စ် (တနင်္ဂနွေည ရး၃၀ နာရီ)

နန့်စ်က အိမ်ကွင်းကစားပုံမာကျောပြီး ဂိုးရအောင်ကစား နိုင်တဲ့အသင်းပါ။ နန့်စ်တို့ အနိမ့်ဆုံး သရေကစားပါလိမ့်မယ်။

လိုင်လီ - မာဆေးလ် (တနင်္ဂနွေည ၉း၃၀ နာရီ)

လိုင်လီက နောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲယူပြီး ယုံကြည် မှု ပြန်တည်ဆောက်လာနိုင်တယ်။ ဒါပေမဲ့ အခုတွေ့ရမယ့် မာ ဆေးလ်က အဆင့်အတန်းတူတဲ့ပြိုင်ဘက်ဖြစ်နေလို့ လိုင်လီအ တွက် အိမ်ကွင်းမှာ ရုန်းကန်ရမှာသေချာတယ်။ မာဆေးလ်က နောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲပျောက်ထားတယ်ဆိုပေမဲ့ ကစားပုံ က မာကျောဆဲဖြစ်ပြီး နိုင်ပွဲပြန်ယူဖို့လည်း ဆန္ဒပြင်းပြနေမှာသေ ချာတယ်။ လိုင်လီကလည်း (၂)ပွဲဆက်အနိုင်နဲ့ ဇယားထိပ်ပိုင်း ပြန်တက်ဖို့ အရှိန်ယူနေချိန်ဖြစ်လို့ အိမ်ကွင်းမှာ အမှားအယွင်း အဖြစ်ခံမယ်မထင်ပါဘူး။ အပြန်အလှန်သွင်းဂိုးတွေနဲ့ သရေ ကျသွားမယ့်ပွဲလို့ပဲခန့်မှန်းမိတယ်။


READ NEXT
Cancel OK