ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် အဲဗာတန် (၁-၁) မန်ယူပွဲအပြီးတွင် မန်ယူအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား မကျေမချမ်းသည့် ပုံစံဖြင့်တွေ့ခဲ့ရကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
စီရော်နယ်လ်ဒိုသည် ယင်းပွဲတွင် ပွဲထွက်လူစာရင်း၌ ပါဝင်ခွင့်မရခဲ့ဘဲ အရန်ခုံ၌သာ ထိုင်နေခဲ့ရပြီး ဒုတိယပိုင်းပွဲချိန် (၅၇)မိနစ်မှ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီ၏နေရာတွင် လူစားထိုးပါဝင်ကစားခွင့် ရရှိခဲ့သည်။
ယင်းပွဲအပြီးတွင် အဲဗာတန်အသင်းနှင့် သရေကျခဲ့ပြီးနောက် စီရော်နယ်လ်ဒိုအား စိတ်ဆိုးဒေါသထွက်သည့်ပုံစံ တွေ့ခဲ့ရပြီး အဝတ်လဲခန်းသို့ ကွင်းအတွင်းမှ ခေါင်းငိုက်စိုက်ဖြင့် တိုက်ရိုက်ထွက်ခွာသွားသည်ကိုလည်း တွေ့ခဲ့ရသည်။
ပြီးခဲ့သည့်တစ်ပတ်က ပရီးမီးယားလိဂ်ပွဲစဉ်(၆)တွင် ဗီလာအသင်းအား အိမ်ကွင်း၌ရှုံးခဲ့ရသော မန်ယူအသင်းအနေဖြင့် အဲဗာတန်အသင်းကိုလည်း အိမ်ကွင်းတွင် အနိုင်မကစားနိုင်ဘဲ သရေကျခဲ့ခြင်းဖြစ်ရာ စီရော်နယ်လ်ဒိုအနေဖြင့် အသင်း၏ရလဒ်များကို မကျေမနပ်ဖြစ်နေခြင်း ဖြစ်နိုင်သလို၊ အဲဗာတန်နှင့်ပွဲတွင် ပွဲထွက်ကစားခွင့်မရခြင်းအတွက် နည်းပြဖြစ်သူဆိုးလ်ရှား၏ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်နေခြင်းလည်း ဖြစ်နိုင်ကြောင်း ဗြိိတိန်သတင်းစာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
ဆိုးလ်ရှားသည် ယင်းပွဲတွင် စီရော်နယ်လ်ဒိုအပြင် အသင်း၏အဓိက ကစားသမားများဖြစ်ကြသော ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာ၊ အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုတို့ကိုလည်း အရန်စာရင်း၌သာထားရှိခဲ့ပြီး ဒုတိယပိုင်းမှသာ လူစားထိုးကစားစေခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် စီရော်နယ်လ်ဒိုကို အရန်ကစားသမားစာရင်း၌ ထည့်သွင်းခဲ့သည့် ဆုံးဖြတ်ချက်အတွက် ပွဲအပြီးတွင် ဆိုးလ်ရှားက ကာကွယ်ပြောကြားခဲ့သည်။
''ကျွန်တော်တို့ ဆုံးဖြတ်ချက်တွေ ပြုလုပ်နေတယ်ဆိုတာ တစ်ရာသီလုံးအတွက် စဉ်းစားပြီး ပြုလုပ်နေရတာပါ။ ရာသီက အရှည်ကြီး ရှိပါသေးတယ်။ ဒါကြောင့် ကစားသမားတွေကို ဝန်ထုပ်ဝန်ပိုးမဖြစ်ဖို့အတွက် စီမံခန့်ခွဲနေရပါတယ်။ ဒါကြောင့် ဒီနေ့ ဆုံးဖြတ်ချက် (စီရော်နယ်လ်ဒိုအား အရန်စာရင်း၌ ထည့်သွင်းခြင်းအပါအဝင် လူရွေးချယ်မှုနှင့် လူစားလဲမှုများကို ဆိုလိုသည်)က ကျွန်တော့်အတွက်တော့ မှန်တယ်လို့ ပြောချင်ပါတယ်။ မာစီယဲလ်လည်း ကောင်းကောင်း ကစားပြီး ဂိုးသွင်းနိုင်ခဲ့တာပဲ။ ကာဗာနီလည်း ပွဲကစားချိန်လိုအပ်ပါတယ်''ဟု ဆိုးလ်ရှားက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
