ပရီးမီးယားလိဂ်ကလပ် ဝက်ဖို့ဒ်အသင်းနည်းပြ ဆစ်စကိုမူနော့ဇ်သည် ပြီးခဲ့သည့် အောက်တိုဘာ (၃)ရက်နေ့က ရာထူးမှထုတ်ပယ်ခံခဲ့ရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် မူနော့ဇ်၏ ဝက်ဖို့ဒ်အသင်းသည် ယခုရာသီ (၄)ပွဲမြောက်ရှုံးနိမ့်မှုအဖြစ် လိဒ်စ်အသင်းအား (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများက ၎င်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
စပိန်လူမျိုးနည်းပြတစ်ဦးဖြစ်သူ မူနော့ဇ်သည် ၂၀၂၀ ဒီဇင်ဘာလတွင် ဝက်ဖို့ဒ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး သူ၏လက်ထက်တွင် အသင်းကို ပြိုင်ပွဲစုံ(၃၆)ပွဲ ကိုင်တွယ်ရာ၌ (၂၁)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၁၁)ပွဲရှုံးရ လဒ်ရရှိခဲ့သည်။
မူနော့ဇ်သည် ပြီးခဲ့သည့်ရာသီက ဝက်ဖို့ဒ်အသင်းအား လိဂ်ချန်ပီယံရှစ်တွင် ဒုတိယနေရာရရှိစေခဲ့ပြီး ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဝက်ဖို့ဒ်အသင်းမှာ နိုင်ပွဲ (၂)ပွဲ၊ သရေ (၁)ပွဲဖြင့် ရမှတ် (၇)မှတ်ရရှိထားသော်လည်း အသင်းပိုင်ရှင်အီတလီ သူဌေးပေါ့ဇိုမိသားစုက ၎င်းကို လမ်းခွဲခဲ့ခြင်းလည်းဖြစ်သည်။
လက်ရှိ၌ ဝက်ဖို့ဒ်နည်းပြရာထူးအတွက် ရေပန်းစားသူများစာရင်းတွင် လက်စတာနည်းပြဟောင်း ရာနီရေးရီ၊ ရိုးမားနည်းပြဟောင်းဖွန်ဆီကာ၊ ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းနှင့် ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်အစရှိသူတို့ ပါဝင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
