Top News

Miss Universe ရဲ့ စင်ကာပူလက်ရွေးစင်အိပ်မက်
24htopnews | December 21, 2024 2:12 PM CST

ရှန်ဟဲမှာ အပျိုဖော်ဝင်စကာလကို ဖြတ်သန်းခဲ့ချိန်တုန်းက လိုင်လာတန်ဟာ ခပ်ချောချော မိန်းကလေး မဟုတ်ခဲ့ဘူး။ ကိုယ့်အလှတရားကိုယ် ရှာဖွေမတွေ့ခဲ့ဘူး။ ရှိရင်းစွဲအသက်ထက် ပိုပြီးရင့် ရော်နေတယ်လို့လည်း စိတ္တဇဖြစ်ခဲ့ဖူးတယ်။ အဖေနဲ့ အစ်ကိုဖြစ်သူဆီကနေ ဘောလုံးအားကစားနည်း အကြောင်း ကြားသိခဲ့ပြီး ဝါသနာကြီးစွာ လေ့ကျင့်ခဲ့လို့လည်း ယောကျာ်းလေးဆန်ခဲ့ဖူတယ်။ ''အဖေနဲ့ အစ်ကိုက ဘောလုံးအားကစားနည်းအပေါ် သိပ်ပြီးရူးသွပ်ခဲ့တယ်။ သူတို့ကြောင့်ပဲ အားကစားကို ကျွန်မ စိတ်ဝင်စားခဲ့တာပါ။ အားကစားသမားဆန်သူ ဖြစ်လာတာပါ။ အားကစားစိတ်ဓာတ်က ကျွန်မရဲ့  ရှင်သန်မှုနေ့ ရက်တွေထဲ အားကောင်းမောင်းသန် လူးလွန်ခဲ့လို့ ပြင်းထန်တဲ့ကြိုးစားလိုစိတ်ဟာ  အစဉ်အမြဲရှိနေခဲ့တယ်။ ကျွန်မရဲ့ ငယ်ဘဝအိပ်မက်ဟာ ဘောလုံးသမားဖြစ်ရေးပါ'' လို့ လိုင်လာတန်က ပြောပြတယ်။ လိုင်လာတန်က ညာတောင် ပံမှာကစားသူဖြစ်ပြီး သူမရဲ့ Football Idol တွေက PSG တိုက်စစ်မှူး မက်ဆီနဲ့ PSG အမျိုးသမီး အသင်းကစားသမား ဟူတီမာတို့ပါပဲ။


READ NEXT
Cancel OK