အင်တာမီလန်အသင်းတိုက်စစ် မှူး ဂျက်ကိုသည် ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒိုနောက်ပိုင်း စီးရီးအေအဖွင့် (၇)ပွဲတွင် ဂိုးအများဆုံးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ရော်နယ်လ်ဒိုသည် ၁၉၉၇-၉၈ ဘောလုံးရာသီက စီးရီးအေအဖွင့် (၇)ပွဲတွင် (၆)ဂိုး သွင်းယူနိုင်ခဲ့ပြီး ယခုအခါ အဆိုပါမှတ်တမ်းကို ဂျက်ကိုက လိုက်မီခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဆာဆူအိုလို (၁-၂) အင်တာမီလန်ပွဲစဉ်တွင် ဂျက်ကိုသည် အင်တာမီလန်အသင်းအတွက် ချေပဂိုးသွင်းယူပေးပြီး ဂုဏ်ယူဖွယ်ရာမှတ်တမ်း ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆာဆူအိုလိုအသင်းနှင့်ပွဲအပြီးတွင် ဂျက်ကိုက ''ကျွန်တော်တို့အသင်းက ကစားသမားကောင်းတွေများနေပြီး ကွင်းထဲမှာ တစ်ချိန်တည်း ကစားခွင့်ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကစားခွင့်ရတဲ့အခါ ရာနှုန်းပြည့်ပေးဆပ်မယ့်သူတွေချည်းပါပဲ။ အင်တာမီလန်ရဲ့ စီးရီးအေအောင်ပွဲတွေနဲ့ပတ်သက်ပြီး ပျော်ရွှင်ရပေမဲ့ ချန်ပီယံလိဂ်မှာ တစ်ဂိုးမှ မသွင်းနိုင်သေးလို့ စိတ်ပျက်ရပါတယ်''ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဂျက်ကိုက ရိုးမားအသင်းမှ အင်တာမီလန်အသင်းသို့ လက်ရှိရာသီတွင်မှ ပြောင်းရွှေ့လာသော်လည်း သူ၏ကိုယ်ပိုင်အရည်အသွေးကို ယုံကြည်မှု အမြဲရှိကြောင်း၊ ယခုကဲ့သို့ ရော်နယ်လ်ဒို၏ မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခွင့်ရခြင်းအတွက်
ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။
အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျက်ကိုသည် ရိုးမားအသင်းတွင် (၆)ရာသီကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ(၂၆၀)တွင် (၁၁၉)ဂိုးအထိ သွင်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
