၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်နေရာကို ကာတာတို့ ဘယ်လိုယူသွားသလဲဆိုတာ မတိုင် ခင် ကာတာနိုင်ငံအကြောင်းကို နည်းနည်းလေ့လာ ကြည့်ရအောင်ပါ။ ကာတာနိုင်ငံက ဘိုးစဉ်ဘောင် ဆက် ဘုရင်စနစ်ကို ကျင့်သုံးပြီး အုပ်ချုပ်တယ်။ လက်ရှိ နိုင်ငံအကြီးအကဲက ရှိတ်စော်ဘွား တာ မင်ဘင်ဟာမက်အယ်လ်သာနီ။ နိုင်ငံက ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့တင် ကမ္ဘာ့အချမ်းသာဆုံးနိုင် ငံဖြစ်နေတယ်။ နိုင်ငံက သေးပေမဲ့ ငွေကြေးကြွယ် ဝချမ်းသာတာကြောင့် အာရပ်ကမ္ဘာမှာ သြဇာကြီး တယ်။ အာရပ်ကမ္ဘာနဲ့ အနောက်နိုင်ငံတွေရဲ့ နိုင်ငံ ရေးပဋိပက္ခမှာ မီးစ တစ်ဖက် ရေမှုတ်တစ်ဖက်ကိုင် ထားတတ်တဲ့ နိုင်ငံမျိုး။ ဘယ်လိုပြဿနာရပ်မျိုး ကိုမဆို ငွေလမ်းခင်းပြီး ဖြေရှင်းတတ်တဲ့နိုင်ငံ။ လွန် ခဲ့တဲ့ (၁၁) နှစ်၊ ၂၀၁၀ ဒီဇင်ဘာမှာ ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံ ရွေးချယ်ဆုံး ဖြတ်ကြတယ်။ အဲဒီတုန်းက ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လျှောက်ထားတဲ့ နိုင်ငံ (၅) နိုင်ငံရှိတယ်။ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီး ယား၊ အမေရိကန်နဲ့ ကာတာတို့ဖြစ်တယ်။ အာရှ ဘောလုံးအဖွဲ့ချုပ် (AFC) ဥက္ကဋ္ဌဖြစ်တဲ့ ကာတာ ဘီလျံနာ ဘင်ဟမ်းမန်းက အဓိကကြိုးဆွဲသူ၊ သူ က ဖီဖာရဲ့အမှုဆောင်ကော်မတီဝင်လည်းဖြစ်သ လို ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာနဲ့လည်း ပုဂ္ဂိုလ်ရေး ရင်းနှီးသူ။ ဘင်ဟမ်းမန်းနဲ့ ဆပ်ဘလတ္တာတို့ (၂) ဦးပေါင်းပြီး ကာတာကို အိမ်ရှင်နေရာအတွက် မဲ ပေးဖို့ စားပွဲအောက်ကစားနည်းကို သုံးခဲ့ကြတယ်။ မဲ (၁) မဲအတွက် ကာတာအစိုးရက ဒေါ်လာသန်း ချီ သုံးစွဲခဲ့တယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင် နေရာအတွက် ကာတာအစိုးရက အနည်းဆုံး ဒေါ် လာသန်း (၁၅၀)သုံးစွဲခဲ့တယ်လို့ နောက်ပိုင်းမှာ နာမည်ကျော် ဂါးဒီးယန်းသတင်းစာက ဖွင့်ချခဲ့ တယ်။ ဒီအရှုပ်တော်ပုံတွေကြောင့်ပဲ ၂၀၁၁ အ တွင်းမှာ AFC ဥက္ကဋ္ဌ ဘင်ဟမ်းမန်း။ ၂၀၁၅ အ တွင်းမှာ ဖီဖာဥက္ကဋ္ဌ ဆပ်ဘလတ္တာတို့ကို ဖီဖာကျင့် ဝတ်ကော်မတီက အရေးယူခဲ့ပါတယ်။ သူတို့ (၂) ဦးစလုံးကို ဘောလုံးရပ်ဝန်းနဲ့ဝေးရာ မှာနေဖို့၊ ဘော လုံးရပ်ဝန်းနဲ့ ဘယ်တော့မှ လာမထိတွေ့ဖို့အထိ အရေးယူခဲ့တာပါ။ အရေးယူခဲ့တဲ့အထဲမှာ ဖီဖာဒု ဥက္ကဋ္ဌ ဂျင်ဘွိုက်နဲ့ ကွန်ကာကက်ဖ်ဥက္ကဋ္ဌ ဂျက်ဝါ နာတို့လည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာတာ ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အ ဖြစ် ဆက်ကျင်းပခွင့်ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
