Top News

ညောင်လေးပင်မြို့နယ်တွင် ရန်ကုန်-မန္တလေး အစုန်ရထားလမ်းပိုင်း တော်ဝိနှင့် ပိန်းဇလုပ်ဘူတာအကြား မိုင်းခွဲခံရ
24htopnews | December 21, 2024 1:12 PM CST

ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်းရှိ တော်ဝိနှင့် ပိန်းဇလုပ် ဘူတာအကြား အစုန်ရထားလမ်း မိုင်းဖောက်ခွဲခံရခြင်းကြောင့် ခရီးစဉ်ကြန့်ကြာမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ တော်ဝိဘူတာနှင့် ပိန်းဇလုပ် ဘူတာအကြား၊ မိုင်တိုင်အမှတ် ၉၉/၆-၇ နေရာရှိ အစုန်ရထား လမ်းပေါ်၌ ဒီဇင်ဘာ ၁၃ ရက် ည ၁၁ နာရီ ၄၀ မိနစ် အချိန်ခန့်တွင် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားလမ်း ထိခိုက်ပျက်စီးခဲ့ပြီး တော်ဝိနှင့် ပိန်းဇလုပ် ရထားလမ်းပိုင်းအား နံနက် ၆ နာရီ ၂၀ မိနစ်တွင် ယာယီပိတ်ထားကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ မိုင်းခွဲခံရမှုကြောင့် အစုန်လမ်းရှိ သံလမ်း(၂)ချောင်း (၁)ပေခွဲခန့်စီပြတ်တောက်၍ ရထားလမ်းအောက်ခံမြေသား (၆)ပေပတ်လည်ခန့်ကျင်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့် လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး တော်ဝိ-ပိန်းဇလုပ် အဆန်လမ်းပိုင်းအား နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဧကလမ်းစနစ်ကျင့်သုံး၍ ရထားများဖြတ်သန်းခွင့်ပြုကာ အစုန်လမ်း၏ ပြတ်တောက်သွားသော သံလမ်း(၂)ချောင်းအား လဲလှယ်ခြင်း၊ လမ်းပြုပြင်ခြင်းများအား နံနက် ၉ နာရီ ၄၀ မိနစ်အချိန် စတင်ဆောင်ရွက်ခဲ့ပြီး နေ့လည် ၂ နာရီ ၃၀ မိနစ်အချိန်တွင် အစုန်ရထားလမ်းပိုင်းအား ပြန်လည် ဖွင့်လှစ်၍ ရထားများပုံမှန် အတိုင်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့်အမှတ် (၉၂၃-A)အဆန်ကုန်ရထားသည် ညောင်လေးပင်ဘူတာသို့ နံနက် ၆ နာရီ ၁၅ မိနစ်တွင်တွင်လည်းကောင်း၊ အမှတ်(၉၉၃)အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၆ နာရီ ၂၀ မိနစ်တွင်လည်းကောင်း၊ အမှတ်(၉၂၃-B)အဆန်ကုန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၇ နာရီ ၁၅ မိနစ်တွင်လည်းကောင်း အသီးသီးရောက်ရှိ ရပ်တန့်ထားခဲ့ရကြောင်း သိရသည်။

ထို့အတူ လူစီးရထားများဖြစ်သော မန္တလေး-ရန်ကုန်အစုန်အထူးလူစီးရထားသည် ပဲနွယ်ကုန်း ဘူတာသို့ နံနက် ၇ နာရီ ၅၈ မိနစ်အချိန်တွင်ရောက်ရှိ၍ ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ထွက်ခွာသဖြင့် ကြန့်ကြာချိန် (၂)နာရီ(၄၇)မိနစ်၊ အမှတ်(၁၁)အဆန်လူစီးအမြန်ရထားသည် ပြွန်တန်ဆာဘူတာသို့ နံနက် ၈ နာရီ ၂၃ မိနစ်တွင်ရောက်ရှိ၍ ၁၀ နာရီ ၂၅ မိနစ်တွင် ထွက်ခွာသဖြင့် ကြန့်ကြာချိန်(၂)နာရီနှင့် အမှတ်(၂) အစုန်စာပို့ရထားသည် ဒိုက်ဦးဘူတာသို့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင်ရောက်ရှိ၍ ၁၀ နာရီ ၃၈ မိနစ်တွင် ထွက်ခွာသဖြင့် ကြန့်ကြာချိန်(၄၈)မိနစ် အသီးသီးဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၇၉)ကြိမ်၊ ရထားတံတား/သံလမ်းများအားမိုင်းခွဲဖျက်ဆီးခြင်း(၁၇၄) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။


READ NEXT
Cancel OK