ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၏ နေရာ(၈)ခုကို KNU အဖွဲ့နှင့် PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင် ချောင်းမြောင်းပစ်ခတ်ခြင်း၊ အဝေးမှ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းမျိုးသာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒီဇင်ဘာ ၁ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ကရင်ပြည်နယ်ဘက်မှာတော့ ဒီနေ့မှာ ကော့ကရိတ်မြို့ရဲ့ နေရာ(၈)နေရာကို KNU၊ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာ ရှိပါတယ်။ ဒီနေရာမှာတော့ တိုက်ပွဲတနေကုန်နီးပါး ဖြစ်ပွားခဲ့ပါတယ်။ KNU၊ PDF အဖွဲ့က ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု များပြားတယ်ဆိုတာ သိရပါတယ်။ ကော့ကရိတ်မြို့ရဲ့ အခြေအနေ ကတော့ အခုအချိန်မှာ ချောင်းမြောင်းပစ်ခတ်တာ၊ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာမျိုးပဲ ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ထရွန်အိုင်စခန်းသို့ ဒရုန်း များအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက်ခြင်း၊ လာရောက်တိုက်ခိုက်ခြင်းများရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လောက်ကိုင်မြို့ကို MNDAA သောင်းကျန်းသူများ အနေနဲ့ ရှော့တိုက်ဒုံးများနဲ့ ပစ်ခတ်မှု ဆောင်ရွက်ခဲ့ပါတယ်။ ကယားပြည်နယ်ဘက်မှာတော့ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကို လာရောက်ပစ်ခတ်ခဲ့တာ ရှိပါတယ်။ Drop Bomb နဲ့ လာရောက်ချခဲ့တာ ရှိပါတယ်”ဟု ပြောကြားသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင်ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲဖြစ်စဉ်များအတွင်း TNLA၊ MNDAA၊ AA အဖွဲ့များအပြင် စုစည်းထားသည့် အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာရှင်များလည်း ပါဝင်ကြောင်း နစကက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
