ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက စတင်ဖြစ်ပွားနေသောတိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုများရှိပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင်ဒီဇင်ဘာ ၁ရက်နေ့က KNLA ၊ပူးပေါင်းအဖွဲ့ နှင့်လုံခြုံရေးတပ်ဖွဲဝင်များ တိုက်ပွဲ ဖြစ်ပွားပြီး ဒီဇင်ဘာ၂ ရက်တွင် မြို့တွင်းလူနေရပ်ကွက်များသို့ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲခြင်း များကြောင့် အရပ်သားသေဆုံးမှုရှိကြောင်း၊ ဒေသခံများမှာဘေးလွတ်ရာသို့ ရှောင်နေကြရပြီဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အသင်းသားတစ်ဦးကပြောသည်။
" မြို့တွင်းနဲ့ ပတ်ဝန်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲကြောင့် လက်နက်ကြီး ကျည်တွေလည်းကျတယ်၊ နေအိမ်တွေပေါ်ကျတယ်၊ သေဆုံးသူတွေလည်းရှိတယ်၊ဒဏ်ရာ ရရှိသူတွေလည်းရှိတယ်။သူတို့ကို ကယ်ဆယ်ရေး မလုပ်နိုင်တဲ့အပြင် ကိုယ်တွေ ပါ မိသားစု ဘေးလွတ်ရာကိုထွက်ပြေးနေရပါပြီ"'ဟု ကော့ကရိတ်လူမှုကယ်ဆယ်ရေးအသင်းသားတစ်ဦးကပြောသည်။
လက်နက်ကြီးကျည် ပေါက်ကွဲသံ ၊လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်သံများကြောင့် အိမ်စောင့်နေရစ်သည့်ပြည်သူများပါ အထိတ်တလန့် ထွက်ပြေးနေရသည်ဟုဆိုသည်။
မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်း ကော့ကရိတ်မြို့အထွက် ကော့နွှဲရွာအနီးတွင်ကုန်တင်တွဲကား ကန့်လန့် ဖြတ်ပိတ်ထားခြင်း၊ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းနေဆဲဖြစ် ကြောင်းသိရသည်။
မြဝတီ ကုန်သွယ်ရေးဇုန်အား ဒီဇင်ဘာလ ၁ရက်နေ့ ညက Drop ဗုံးဖြင့်တိုက်ခိုက်ခံရခြင်းကြောင့် ကုန်သွယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်ဟု နယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။
"မနေ့က က ဇုန်ဖက်မှာ Drop ဗုံးကျတော့ ကုန်သွယ်ရေးလုပ်ငန်းတွေရပ်ထားပါတယ်၊ဇုန်ထဲ ကိုလည်းမသွားရဲကြပါဘူး၊ ခုထိတော့ တောင်ကျော်လမ်းမှာ ကုန်ကားတွေ ၊ခရီးသွားကားတွေသွားလာလို ့မရသးပါဘူး။"ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။
မြဝတီနယ်စပ်မှ ပြည်တွင်းသို့ အရေးတကြီး သွားလာရန် လိုအပ်နေသူများမှာ မြဝတီ-ညီနောင်- ဝေ့ရှမ်း- ထို့ကော်ကိုး -နဘူး- လမ်းပိုင်းက ခက်ခက်ခဲခဲသွားလာနေကြကြောင်း သိရသည်။
Photo - Cj
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
