ကျိုက်မရောမြို့နယ်၊ ရေတွင်းကုန်းကျေး ရွာရှိ အမှတ်(၁၅) ရဲတပ်ရင်းကို ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီချိန်ခန့်က Drop Bomb ဖြင့် တိုက်ခိုက်ခံရကြောင်း လုံခြုံ ရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
အမှတ်(၁၅) ရဲတပ်ရင်းကို Drop bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ရဲတပ်ရင်း ဓမ္မာရုံ အနောက်ဘက် မြေကွက်လပ်တွင် ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက် မရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရဲတွေနေတဲ့ နေ ရာက လူနေအိမ်တွေလည်းနီးတော့ ပတ်ဝန်းကျင်ကလူတွေ အားလုံး လန့်တာပေါ့” ဟု ပြောကြားသည်။
အဆိုပါ ရဲတပ်ရင်း ပတ်ဝန်းကျင်တွင် စာသင်ကျောင်းများ၊ လူနေအိမ်များ ရှိသောကြောင့် ဒေသခံများက ၄င်းတို့နေအိမ်များ ထိခိုက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံ များက ဆိုကြသည်။
ဒီဇင်ဘာလ ၁ ရက် ည ၉ နာရီခွဲအချိန်ကလည မော်လမြိုင်မြို့၊ ငန်း တေး ရပ်ကွက်ရှိ မော်လမြိုင် ဂေါက်ကွင်း အရှေ့ရှိ ဓာတ်တိုင်ပေါ်သို့ Drop Bomb ကျ ရောက်ပေါက်ကွဲခဲ့ကြောင်း ယင်းဂေါက်ကွင်း အနီး နေထိုင်သူများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
