Top News

မြန်မာ-တရုတ် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးရှိ လမ်း၊ တံတားများအား လက်နက်ကိုင်အဖွဲ့များက ဖျက်ဆီးပြီး သွားလာ၍မရအောင် အမြဲတမ်း ဆောင်ရွက်နေကြောင်း နစက ပြောရေး ဆိုခွင့်ရှိသူ ပြောကြား
24htopnews | December 21, 2024 12:12 PM CST

လက်နက်ကိုင်အဖွဲ့များသည် မြန်မာ-တရုတ် ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးရှိ လမ်း၊ တံတားများအား ဖျက်ဆီးပြီး သွားလာ၍ မရအောင် အမြဲတမ်း ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်

ဒီဇင်ဘာ ၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့မြောက်ဘက်)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီ သောင်းကျန်းသူများအနေနဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းကြီး မန္တလေး-မူဆယ် လမ်းပိုင်းမှာရှိတဲ့ လမ်းတွေ၊ တံတားတွေ၊ ရေကျော်နေရာတွေ၊ ဒီနေရာတွေကို တံတားများ ချိုးတာတွေ၊ လမ်းတွေမှာ ကျင်းတွေတူးပြီး သွားလို့လာလို့မရအောင် လုပ်တာတွေ၊ ဒါတွေ အမြဲတမ်း ဆောင်ရွက်နေကြောင်း တွေ့ရပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများအနေနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၀၅ မိုင်တွင် ဒရုန်းများအသုံးပြု၍ Drop Bomb များနှင့် တိုက်ခိုက်မှုများရှိပြီး လောက်ကိုင်မြို့၏ အရှေ့တောင်ဘက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ဒီမနက်ပိုင်းမှာတော့ လာရှိုးနဲ့ သီပေါကြားမှာ ဆက်သွယ်ထားတဲ့ ပြည်ထောင်စု လမ်းမကြီးပေါ်က စဉ့်အင်တံတားကို TNLA သောင်းကျန်းသူများက မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါ တယ်။ ကယားပြည်နယ်ဘက်မှာတော့ မိုးဗြဲနေရာတစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ကော့ကရိတ်မှာ ဒီနေ့မနက် စောစောပိုင်းကစပြီး မြို့နဲ့ ပတ်ဝန်းကျင် ငါးနေရာလောက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ ညနေပိုင်းမှာတော့ အဝေးကနေ ပစ်ခတ်မှုပဲ ရှိပါတော့တယ်’’ဟု ပြောကြားသည်။

ကော့ကရိတ်မြို့သို့ လာရောက်တိုက်သည့် လက်နက်ကိုင်အဖွဲ့များအား တပ်မတော်မှ ခြေလျင်တပ်များနှင့် လေကြောင်းမှ လေယာဉ်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရန်သူများ ထိခိုက်ကျဆုံးမှု များပြားသည်ကို သိရှိရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK