လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ အိမ်သုံးမီတာ အသစ် တပ်ဆင်ခနှုန်းထားများကို ပြင်ဆင်တိုးမြှင့် ကောက်ခံလျက် ရှိကြောင်း လျှပ်စစ်ရုံးများမှ ကြေညာထုတ်ပြန်ချက်များအရ သိရသည်။
အိမ်သုံးမီတာ အသစ်များတပ်ဆင်မှုအတွက် မီတာသတ်မှတ်ကြေး (Infrastructure)နှုန်းထားကို ယခင်က သတ်မှတ်ကြေးနှုန်းထား ၁၂၀,၀၀၀ ကျပ် သတ်မှတ်ကောက်ခံရာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တပ်ဆင်ခွင့်ပြုမိန့်မှစတင်ကာ အသစ်ပြင်ဆင် သတ်မှတ်ကြေး နှုန်းထား ၂၅၀,၀၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
အိမ်သုံးမီတာအသစ်တပ်ဆင်ခြင်းအတွက် မီတာလျှောက်လွှာ မှတ်ပုံတင်ကြေး၊ အိမ်သုံးမီတာသတ်မှတ်ကြေး၊ မီတာပုံးခွံ၊ Breaker၊ အာမခံစဘော်ငွေ၊ ကြိုးသွယ်ခ၊ မီးဆက်ခ၊ ကြီးကြပ်ခစသည့် ခေါင်းစဉ် အကြောင်းအရာများအတွက် စုစုပေါင်း ၂၅၀,၀၀၀ ကျပ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကာ အိမ်သုံးမီတာအသစ် တပ်ဆင်းခြင်းတစ်ခုသာ ကြေးနှုန်း ပြောင်းလဲသတ်မှတ်ကောက်ခံခြင်းဖြစ်ပြီး ကျန်ပါဝါမီတာ၊ စီတီမီတာများကို လက်ရှိစည်းကြပ်ကောက်ခံသော နှုန်းထားများအတိုင်း ဆက်လက်စည်းကြပ် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် အိမ်သုံးမီတာသစ်တပ်ဆင်ရန်လျောက်ထားမှုအတွက် ပွဲစားများမှတစ်ဆင့် လျောက်ထားမှုများပြီး ယင်းကဲ့သို့ လျှောက်ထားတပ်ဆင်ခဲ့သည့် သူများ၏ ပြောကြားချက်များအရ ပြီးခဲ့သည့်အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းက အိမ်သုံးမီတာ ရိုးရိုး ( ကြာချိန် ၁ လမှ ၃ လအတွင်း) ရရှိရန် ကုန်ကျစရိတ် ၅ သိန်းကျော်ရှိကာ အမြန်( ၁ လအတွင်း တပ်ဆင်ပြီး) ရရှိရန် ကုန်ကျငွေ ၁၀ သိန်းဝန်းကျင်အထိရှိကြောင်း ထိုကုန်ကျငွေမှာ ဓာတ်တိုင်မှ နေအိမ်သို့ သွယ်တန်းရသည့်မီးကြိုးဖိုးကုန်ကျငွေမပါကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
