Top News

ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အစားအစာနှင့် ဆေးဝါးများ လိုအပ်နေ
24htopnews | December 21, 2024 12:12 PM CST

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေ ရပြီး အစားအစာနှင့် ဆေးဝါးလိုအပ်ချက်များ ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီပေး နေသူများထံမှ သိရသည်။

ကျိုက်မရောမြို့နယ်အတွင်း တိုက်ပွဲများ ကြောင့် မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဝယ်ငဲ့၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကြံတော၊ ထရံ၊ ပေသီကုန်း၊ မီးသွေး ကုန်းအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံ ၂၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေ ရကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေ သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “စစ်ဘေးရှောင်အ များအပြားက ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံမြို့နယ်တွေမှာရှိတဲ့ ဆွေမျိုးတွေရှိ ရာနေအိမ်၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေ ကြသူတွေရှိသလို နီးစပ်ရာတောတောင်၊ ဥယျာဉ် ခြံတွေမှာလည်း တိမ်းရှောင်နေကြရသူတွေရှိ ပါတယ်”ဟု ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်မှစတင်ကာ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ရဲစခန်းနှင့် အတ္ထရံတံတား (ချောင်းနှစ်ခွ) ရှိ လုံ ခြုံရေးဂိတ်များအား လက်နက်ကိုင်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ စတင်ကာ တိုက်ပွဲ များစတင်ဖြစ်ပွားခဲ့သည်။ ချောင်းနှစ်ခွဒေသ အတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မ ပြတ်ပစ်ခတ်နေခြင်းကြောင့် ဒေသခံထောင် နှင့်ချီကာ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်း ကျိုက်မရောမြို့နယ် မယ်ကရို ကျေးရွာအနီးရှိ အတ္ထရံမြစ်ကူး စံပယ်ဂူတံတား အနီးဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ် ပွားခဲ့ရာ ဒေသခံအများအပြား စစ်ဘေးတိမ်း ရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် ဒေသခံမွန် တိုင်းရင်းသားများအပြင် ယင်းဒေသများအ တွင်း လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ ပြောင်းလုပ်သားများနှင့် မိသားစုများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ဘေးတိမ်းရှောင်နေသည့်ကာလ ကြာ မြင့်လာသည့်အတွက် စစ်ဘေးရှောင်များအ တွက် ရေသန့်၊ အစားအစာနှင့် ဆေးဝါးလိုအပ် ချက်များရှိလာကြောင်းလည်း စစ်ဘေးရှောင် များကို ကူညီပေးနေသူများက ဆိုသည်။

ထို့ပြင် ကျိုက်မရောမြို့နယ်အတွင်း ဒီဇင် ဘာ ၃ ရက် နံနက်ပိုင်းအထိ ပစ်ခတ်တိုက်မှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိ ရသည်။

“ပစ်ခတ်မှုတွေက ဆက်ရှိနေသေးတယ်။ လက်နက်ကြီးသံတွေလည်းနေ့တိုင်း ကြားနေရ သေးတော့ ရွာမပြန်ရဲကြသေးဘူး။ စားဝတ်နေ ရေးအတွက် တော်တော်ခက်ခဲနေကြပြီ” ဟု ကျိုက်မရောမြို့နယ် လှကဇိုင်းကျေးရွာမှ  စစ် ဘေးရှောင်နေသည့်ဒေသခံတစ်ဦးက ပြော ကြားသည်။

အဆိုပါတိုက်ပွဲများအတွင်း ဒေသခံ ခု နစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံ ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အပြင် သာသနိကအဆောက်အအုံများ၊ လူနေ အိမ်အများအပြား လက်နက်ကြီးကျည်ထိမှန် ပျက်စီးခြင်းနှင့် လက်နက်ကြီးကျည်ပေါက်ကွဲ မှုကြောင့် မီးလောင်ပျက်စီးခြင်းများ ရှိခဲ့ကြောင်း လည်း ဒေသခံများထံမှ သိရသည်။

“မနေ့ (ဒီဇင်ဘာ ၂ ရက်) က ချောင်းနှစ် ခွရွာထဲ လက်နက်ကြီးကျည်ကျလို့ နေအိမ်တ ချို့ မီးလောင်သွားတယ်လို့ သိရတယ်” ဟု စစ်ဘေးတိမ်း‌ရှောင်နေသည့် ချောင်းနှစ်ခွ ကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ထို့ပြင် အတ္ထရံတံတား (ချောင်းနှစ်ခွ) ကိုလည်း တပ်မတော်၏ အဓိကထောက်ပို့လမ်း ပေါ်တွင်တည်ရှိနေသည့်အတွက်ဟုဆိုကာ နိုဝင်ဘာ ၁၇ ရက်က KNU/KNLA/KTLA/PDF ပူးပေါင်းအဖွဲ့များက မိုင်းခွဲဖျက်ဆီးခဲ့ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်များအရ သိရသည်။


READ NEXT
Cancel OK