မော်လမြိုင်မြို့ စျေးကြိုရပ်ကွက် စျေးကြို အဝိုင်းအနီးရှိ ပြည်နယ်လဝကရုံးမှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးချတိုက် ခိုက်ခံရကြောင်း အဆိုပါရုံးအနီးနေထိုင်သူ များထံမှ သိရသည်။
အဆိုပါ ဒရုန်းဗုံးမှာ ပြည်နယ်လဝက ရုံးအဆောက်အအုံရှေ့ရှိ အလံတိုင်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရကြောင်း စျေးကြိုရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
၎င်းက ဆက်လက်ပြီး “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ လူထိခိုက်မှု မရှိဘူးလို့တော့ သိရတယ်”ဟု ပြောကြားသည်။
လက်ရှိ မော်လမြိုင်မြို့တွင်လည်း လဝက ပြည်ထောင်စုဝန်ကြီးရောက်ရှိနေကြောင်း နှင့် ပြည်နယ်လဝကရုံး ဒရုန်းဗုံးချတိုက်ခိုက်ခံ ရချိန်တွင် လဝကပြည်ထောင်စုဝန်ကြီးမှာ မောင်ငံရပ်ကွက်ရှိ အထက (၇) ကျောင်းတွင် ရှိနေသည်ဟု ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီး စပ်သူများထံမှ သိရသည်။
အဆိုပါ ပြည်နယ်လဝကရုံးဝင်းအတွင်း ဒရုန်းဗုံးချတိုက်ခိုက်ခံရပြီးနောက် မော်လမြိုင် မြို့ အဝင်အထွက်နေရာများတွင် လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများ လုပ်ဆောင် ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဒီဇင်ဘာ ၁ ရက် ညပိုင်းကလည်း မော် လမြိုင်မြို့ ငန်းတေးရပ်ကွက် ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများအိမ်ရာအနီးရှိ မော်လမြိုင် ဂေါက်ကွင်းရှေ့တွင် ဒရုန်းဗုံးကျရောက်ပေါက် ကွဲခဲ့သေးကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
