Top News

နိုင်ငံတော် ကာကွယ်ရေးတာဝန် ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုလာသည့် ခွင့်မဲ့/စစ်ပြေး စစ်သည်များအား သတ်မှတ်ကာလနှင့် အကျုံးဝင်ပါက ပြန်လည် လက်ခံမည်ဟု နစက ထုတ်ပြန်
24htopnews | December 21, 2024 12:12 PM CST

နိုင်ငံတော်ကာကွယ်ရေးတာဝန် ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုလာသည့် ခွင့်မဲ့/စစ်ပြေး စစ်သည်များအား သတ်မှတ်ကာလနှင့် အကျုံးဝင်ပါက ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၃ ရက်တွင် သတင်း ထုတ်ပြန်သည်။

တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေးအတွက် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အဖွဲ့များအား ချေမှုန်းတိုက်ခိုက််လျက်ရှိရာ နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်များက ဆက်သွယ်တင်ပြလာကြောင်း နစက၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတော် ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်များက ဆက်သွယ် တင်ပြလာမှုများကြောင့် သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာ တပ်များတွင် ပြန်လည် လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမန်ပြစ်မှု ကျူးလွန်သူ တပ်မတော်သားများကိုလည်း ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမည်ဖြစ်ကြောင်း နစကက ထုတ်ပြန်သည်။


READ NEXT
Cancel OK