တပ်မတော်တွင် ပြန်လည်စစ်မှု ထမ်းဆောင်နိုင်ရန် ဆက်သွယ်လာသူ ခွင့်မဲ့စစ်ပြေးများ၊ စစ်မှုထမ်းဟောင်းများ၊ ကျန်းမာရေးအရ ထွက်ခွင့်ကျထားသူ ထောင်နှင့်ချီ၍ ရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရေး အတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည်တာဝန်ထမ်းဆောင်လိုကြောင်းကို စစ်မှုထမ်းဟောင်းများ၊ ကျန်းမာရေးအခြေအနေအရ တပ်မတော်မှ အငြိမ်းစားယူခဲ့ရသော တပ်မတော်သားများနှင့် ရည်ရွယ်ချက် မရှိဘဲ ခွင့်မဲ့ပျက်ကွက်မှု၊ စစ်ပြေးမှုဖြစ်ခဲ့သည့် စစ်သည်များမှ ဆက်သွယ်တင်ပြလာမှုဆိုင်ရာ အခြေအနေ များနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“မြန်မာစကားပုံအရ လက်သည်းဆိတ် လက်ထိပ်နာပေါ့၊ ဒါတွေအရ ခွင့်မဲ့စစ်ပြေးတွေ၊ စစ်မှုထမ်းဟောင်းတွေ၊ ဆေး၊ ကျန်းမာရေးအခြေအနေကြောင့် ထွက်ခွင့်ကျထားတဲ့သူတွေက ဆက်သွယ်လာကြပါတယ်။ ဒီနေ့ နေ့လည်ပိုင်းအထိ တပ်မတော်မှာစစ်မှုထမ်းဆောင်နိုင်ဖို့ပေါ့၊ ဆက်သွယ်တဲ့လူပေါင်း ထောင်နဲ့ချီပြီးရှိသွားပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ တစ်ချို့စိတ်ဓာတ်ပြင်းထန်တဲ့လူတွေဆိုရင် အသက်ကြီးနေပေမယ်လို့လည်း သူ့ကို စစ်ဆင်ရေးတာဝန်ပဲပေးပါ။ ကျန်တဲ့တာဝန် မထမ်းဆောင်ချင်ဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့က တော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေက လုံခြုံရေးတာဝန်ပဲ ပေးအပ်နိုင်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် ခွင့်မဲ့/စစ်ပြေး စစ်သည်များအား သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ် များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင်ရန် ပြန်လည်ဆန္ဒပြုသည့် သာမန် ပြစ်မှုကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်မတိုင်မီ နိုင်ငံတော်ကာကွယ်ရေးတာဝန် ပြန်လည်ထမ်းဆောင်ရန်စာနှင့် ဆန္ဒပြုသူ၊ လူကိုယ်တိုင်တွေ့ဆုံပြီး ဆန္ဒပြုသူ ၅၀၀ ကျော်ခန့်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “လက်ရှိ အခြေအနေကိုကြည့်ပြီး ကျွန်တော် ခုနက ပြောသလိုပဲ တစ်ခါ စစ်သားဖြစ်ခဲ့ဖူးရင် တစ်သက်လုံး စစ်သားဆိုတဲ့ Once A Solider Always A Solider ဆိုတဲ့ စိတ်ဓာတ်၊ ရဲဘော်စိတ် Esprit de Corps၊ ရဲဘော်အချင်းချင်းအပေါ်မှာထားရှိတဲ့ သံယောဇဉ်တရား၊ မေတ္တာတရား၊ သစ္စာစောင့်သိမှု၊ ဒီဟာတွေ အဲ့စိတ်ဓာတ်တွေ ကျွန်တော်တို့ စစ်သည်တိုင်း စစ်သည်တော်သစ်တွေရော၊ စစ်သည်တော်အဟောင်းတွေမှာရော ရှိပါတယ်” ဟု ပြောကြားသည်။
စစ်စည်းကမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ လက်စွဲစာဆောင် အမှတ်(၂)တွင် စစ်ပြေးမှုနှင့်ပတ်သက်၍ စစ်ပြေးမှုဆိုသည်မှာ ယေဘုယျအားဖြင့် တပ်သို့ပြန်လာရန် ရည်ရွယ်ချက်မရှိသော ခွင့်မဲ့ပျက်ကွက်ခြင်းဖြစ်ပြီး တပ်သို့ပြန်ရန်၊ စစ်မှုထမ်းရန် ရည်ရွယ်ချက်ရှိပါက စစ်ပြေးမှုမမြောက်ဟု ဆိုလိုထားကြောင်း၊ ဒီဇင်ဘာ ၃ ရက်နှင့် ရှေ့ပိုင်းတွင် ခွင့်မဲ့ပျက်ကွက် ကြေညာခံထားရသူများ တပ်တွင် စစ်မှုထမ်းရန်ရည်ရွယ်ချက်နှင့် ပြန်လာပါက စစ်ပြေးမှုအဖြစ် မသတ်မှတ်ဘဲ ခွင့်မဲ့ပျက်ကွက်မှုအဖြစ်သာသတ်မှတ်ပြီး စစ်မှုထမ်းဆောင်ရန် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
