ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးအတွက် အရေးကြီးသည့် နေရာများနှင့် တရုတ်နိုင်ငံ စီမံကိန်းများရှိသည့် နေရာများကို ဦးတည် တိုက်ခိုက်လာခြင်း၏ နောက်ကွယ်တွင် နှစ်နိုင်ငံဆက်ဆံရေး မတည်ငြိမ် ဖြစ်စေရန် လုပ်ဆောင်နေသည့် အင်အားစု ပါဝင်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
မြန်မာ-တရုတ် နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေမှုများအပေါ် အနောက်နိုင်ငံမီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန်တိုက်ခိုက်မှု များ၊ AA အဖွဲ့က မြောက်ဦးခရိုင် ရှေးဟောင်းသုတေသနဦးစီးဌာနပိုင်ယာဉ်များ၊ ခရိုင်ဖွံ့ဖြိုးရေးယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက် ယာဉ်များ၊ သာသနာရေးဝန်ကြီးဌာနပိုင်ယာဉ်များအား လက်နက်ငယ်များဖြင့် ခြိမ်းခြောက်ယူဆောင်၍ ၎င်းတို့အဖွဲ့ကိုယ်ကျိုးအတွက် အသုံးပြုနေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ အခုအချိန်မှာ ရှမ်းပြည်နယ်မြောက်ဘက်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးတော့ ကြည့်မယ်ဆိုရင် ဒီနေရာတွေဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်သွယ်ရေး အတွက် အရေးကြီးတဲ့ နေရာတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေရှိတဲ့နေရာ ဖြစ်ပါတယ်။ ဒီနေရာတွေကို နှစ်နိုင်ငံ အစိုးရအနေနဲ့ အခြေအနေ ယိုယွင်းပျက်ပြားအောင် ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ စီမံကိန်းတွေရှိတဲ့ နေရာတွေကို ဦးတည်ပြီး လုပ်ဆောင်လာတာသည် နောက်ကွယ်မှာ ယခင်ကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မတည်ငြိမ် ဖြစ်စေဖို့၊ နှစ်နိုင်ငံ ဆက်ဆံရေး မတည်ငြိမ်ဖြစ်စေဖို့အတွက် လုပ်ဆောင်နေတဲ့ နောက်ကွယ်က အင်အားစုများ ပါတယ်ဆိုတာကို ကျွန်တော်တို့ အားလုံးက ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ အားလုံးက နားလည် သဘောပေါက်ပြီး ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်နိုင်ရေး စီစဉ်ရမှာ ဖြစ်ပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
အလားတူ ရခိုင်ပြည်နယ်တွင်လည်း AA အဖွဲ့သည် မြောက်ဦးခရိုင် ရှေးဟောင်းသုတေသန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်သုံးစီးအပါအဝင် ခရိုင်ဖွံ့ဖြိုးရေး ယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးပိုင် ယာဉ်များ၊ သာသနာရေးဌာနပိုင်ယာဉ်များ၊ စုစုပေါင်း ၉ စီးကို လက်နက်ငယ်နှင့် ခြိမ်းခြောက်ရယူသွားပြီး ၎င်းတို့အဖွဲ့အတွက် အသုံးပြုနေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ယခုအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ တစ်ချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ရှိတယ်။ ရဲစခန်းတွေကို ဝင်ရောက်သိမ်းပိုက်ခဲ့တာတွေ ရှိတယ်။ မြို့ရွာတွေကို အကြောင်းမဲ့ ပစ်ခတ်ပြီး စစ်ဆင်ရေး လုပ်ခဲ့တာတွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော ယခင်ကတည်းက အစဉ်အဆက် ကောင်းကျိုးမပေးတဲ့ AA အဖွဲ့ဟာ ၎င်းအဖွဲ့နဲ့ပတ်သက်ပြီး သူတို့ပြောနေသလို ရခိုင်ပြည်သူလူထုအတွက် ရခိုင်ပြည်နယ် လွတ်မြောက်ရေးအတွက်ဆိုတာသည် ဟုတ်ပါ့မလားဆိုတာကို သေချာလေးနက်စွာ စဉ်းစား ကြဖို့လိုတယ်လို့ ကျွန်တော်အနေနဲ့ ပြောကြားလိုပါတယ်”ဟု ပြောကြားသည်။
မြောက်ဦးခရိုင်သည့် ရှေးဟောင်းသုတေသနအဖွဲ့မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် လုပ်ေဆောင်နေသည့် နေရာဖြစ်ပြီး ယင်းနေရာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လုပ်ဆောင်သည့် ယာဉ်များအား ယူဆောင်သွားပြီး ၎င်းတို့အဖွဲ့အတွက် အသုံးပြုနေခြင်းသည် ရခိုင်ပြည်သူလူထုကို တိုက်ရိုက် ထိပါးခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
