ကရင်ပြည်နယ် ကော့ကရိတ်မြို့ ပတ်ဝန်းကျင်တွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် မြဝတီနယ်စပ် ကုန်သွယ်လမ်းကြောင်း ပိတ်ထားရဆဲဖြစ်ပြီး ထို့ကော်ကိုးလမ်းပိုင်း၌ ကုန်တင်ယာဉ်များ သွားလာခွင့်မရ၍ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးယာဉ်များ အခက်ကြုံရကြောင်း ယာဉ်မောင်းများထံမှ သိရသည်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းနှင့် ပတ်ဝန်းကျင်တို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်ကစတင်ကာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိခဲ့သလို မြဝတီနယ်စပ်ကုန်သွယ်လမ်းကြောင်းမှာလည်း ယနေ့ထိယာယီရပ်ဆိုင်းနေဆဲဖြစ်သည်။
အရေးကြီးခရီသည်ယာဉ်ငယ်များနှင့် ကုန်သယ်ယာဉ်အချို့မှာ မြဝတီ-ထို့ကော်ကိုး-နဘူး- ထီလုံ လမ်းမှ သွားလာခဲ့ကြသော်လည်း ယနေ့တွင် ကုန်တင်ယာဉ်များအား သွားလာခွင့်မပြုကြောင်း ထို့ကော်ကိုး တောင်ကျော်လမ်းမှ သွားလာခဲ့သူယာဉ်မောင်းတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ မြဝတီ-မော်လမြိုင် ကားလေးတွေကတော့ ပေးသွားပါတယ်၊ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကားတွေကိုတော့ ပေးမသွားဘူး။ ဘာကြောင့် မှန်းတော့မသိဘူး။ ကုန်တင်လာတဲ့ ကားတွေပေးမသွားရင် ကုန်စျေးနှုန်းတွေက တက်အုံးမှာ၊ ခုလည်းကုန်စျေးတွေက တက်နေပြီလေ” ဟု မြဝတီ-မော်လမြိုင် ခရီးသည် ပို့ဆောင်ရေးယာဉ်ငယ် မောင်းသူတစ်ဦးက ပြောသည်။
ယခုအခါ နွေရာသီဖြစ်ခြင်းကြောင့် ယခင်မိုးရာသီကကဲ့သို့ ကားလမ်းဆိုးဆိုးရွားရွား မဖြစ်သလို ပေးဆောင်ရသည့် လမ်းဂိတ်ကြေးများမှာလည်း ယခင်မိုးရာသီသွားခဲ့ရစဉ်ကထက် လျော့နည်းကြောင်းလည်း ၎င်းက ပြောကြားသည်။
နယ်စပ်ကုန်သွယ်ရေးတွင် အရေးပါသည့် ဒေါနတောင်ကျော်အာရှလမ်းသစ်မှ ယာဉ်အသွားအလာ ရပ်ဆိုင်နေရခြင်းကြောင့် မြဝတီမြို့ စျေးကွက်ရပ်ဝန်းတွင် ပြည်တွင်းထွက်ကုန်ပစ္စည်းအချို့ ဝယ်ယူ၍မရအောင်ထိ ပြတ်လပ်နေကြောင်းလည်း သိရသည်။
မြဝတီ ဒေါနတောင်ကျော်ကုန်သွယ်လမ်းပိုင်းမှ ကုန်သွယ်ယာဉ်များ၊ ခရီးသွားယာဉ်များ သွားလာခြင်းမရှိဘဲ လေးရက်မြောက်ထိ ကုန်သွယ်ရေးရပ်ဆိုင်းနေဆဲဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
