ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့၊ သီပေါ-လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ စဉ့်အင်တံတား ဖောက်ခွဲဖျက်ဆီးခံရကာ တံတားကျိုးကျပျက်စီးသွားကြောင်း သိရသည်။
သီပေါမြို့၌ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေစဉ်အတွင်း သီပေါတိုးဂိတ်အနီးရှိ ရဲကင်စခန်းကို နိုဝင်ဘာ ၃၀ ရက်နေ့ညပိုင်းက တိုက်ခိုက်ခံရပြီးမီးရှို့ခံထားရကြောင်း သိရသည်။
ထို့အတူ သီပေါမြို့ရှိ သီပေါ လားရှိုး ပြည်ထောင်စုလမ်းမပေါ်ရှိ ၊ စဉ့်အင်တံတား ရဲကင်းစခန်း နှင့် တပ်စခန်းငယ်တို့ ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခံခဲ့ရပြီး စဉ့်အင်တံတားလည်း ဖောက်ခွဲဖျက်ဆီးခံရကာ ယင်းဖောက်ခွဲထားမှုကြောင့် တံတားမှာ ညနေ ၃ နာရီ အချိန်ခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။
''မနေ့(နိုဝင်ဘာ ၃၀ ရက်)ညက သီပေါ တိုးဂိတ်နားမှာရှိတဲ့ ရဲကင်းစခန်းအတိုက်ခံရတယ်၊ တိုးဂိတ်ဘက်က မီးညွန့်တွေတက်နေတာကိုတွေ့တယ်၊ ဒီမနက်လည်း စဉ့်အင်တံတားနားမှာတိုက်ကြတာ၊ ရဲကင်းစခန်းနဲ့တပ်စခန်းငယ်ကိုကော မနက်က၊ စဉ့်အင်တံတားက ဖျက်ဆီးခံရတယ်၊ ကားသေးနဲ့ ဆိုင်ကယ်သွားလို့ရသေးတယ် ၊ ဒီညနေ သုံးချက်တီးလောက်မှာကျိုးသွားတာ''ဟု သီပေါမြို့ခံတစ်ဦးက Eleven Media ကိုပြောကြားသည်။
မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျောက်မဲမြို့နှင့် သီပေါမြို့ ကိုဆက်သွယ်ထားသော ကျင်သီတံတားသည် နိုဝင်ဘာ ၁၂ရက်က မိုင်းဖောက်ခွဲခံခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြိုကျပျက်စီးခဲ့ကာ ယခုထပ်မံ၍ သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသော စဉ့်အင်တံတား ကျိုးကျခဲ့ခြင်းကြောင့် သီပေါမြို့ခံများအတွက် လူမှုဘဝ ဘေးကင်းလုံခြုံရေးနှင့် အထွေထွေကိစ္စရပ်များအတွက် အခက်အခဲများဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများကဆိုသည်။
''အခု သီပေါမြို့အတွက်အလွန်အရေးပါတဲ့ ကျင်သီတံတားလည်းကျိုးကျပြီးသွားပြီ၊အခု စဉ့်အင်တံတားလည်းထပ်ကျိုးကျတော့ ကျွန်တော်တို့ သီပေါမြို့ခံတွေ အတွက် ဘယ်လိုရပ်တည်ရှင်သန်ကြမလဲ ၊ အခု နမ့်လန်လမ်းတစ်လမ်းဘဲ သီပေါကထွက်လို့ရတော့မှာ ဘေးကင်းလုံခြုံမှုကို မစဉ်းရဲတော့ပါဘူး''ဟု သီပေါမြို့ခံတစ်ဦးကပြောကြားသည်။
သီပေါမြို့၌ တပ်မတော်နှင့် TNLA မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဆန်ဈေးနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြင့်တက်ခဲ့ပြီး စစ်ရှောင် ၃၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သီပေါမြို့ရှိပရဟိတအသင်းအဖွဲ့များထံကသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
