ထိုင်းသံရုံးတွင် ဗီဇာကြေးပေးသွင်းရာ၌ ငွေသားဖြင့် ပေးသွင်းခြင်းကိုသာ လက်ခံနေပြီး အွန်လိုင်းငွေလွှဲများကို လက်မခံဘဲ ဖုန်းနံပါတ် နှစ်လုံးဖြင့် သံရုံးဝန်ထမ်းဟန်ဆောင်ကာ ဗီဇာကိစ္စများကို ဖြေကြားခြင်းများရှိနေသည် ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။
ထိုင်းသံရုံးဗီဇာဌာနအနေဖြင့် ဖုန်းလိုင်းမမိခြင်း အခက်အခဲပြသာနာကြောင့် ဗီဇာဝန်ဆောင်မှု ဖုန်းနံပါတ် ၀၉၇၆၇၄၇၀၇၆၅ အား အသုံးပြုခြင်းမရှိသည်မှာ သုံးလခန့်ကြာမြင့်နေပြီဖြစ်ကြောင်း၊ ဗီဇာနှင့် ပတ်သက်သောအချက်အလက်များ၊ သံရုံးနှင့် ပတ်သက်သောအချက်အလက်များကို သံရုံးဝန်ထမ်းဟန်ဆောင်ကာ မသမာသူများက လိမ်လည်ဖြေဆိုနေသည်ဟု ထိုင်းသံရုံးက ထုတ်ပြန်သည်။
ထို့ပြင် Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉၇၅၉၉၂၈၆၁၁ ဖြင့်လည်း သံရုံးဝန်ထမ်း ဟန်ဆောင်ကာ ဗီဇာနှင့် ပတ်သက်သောအချက်အလက်များကို လက်ခံဖြေကြားနေရာ အဆိုပါဖုန်းနံပါတ်မှာလည်း သံရုံးနှင့် လုံးဝပတ်သက်ခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ထုတ်ပြန်သည်။
ထိုင်းသံရုံးအနေဖြင့် ဗီဇာကြေးလက်ခံရာတွင် သံရုံးရှိ ဗီဇာကောင်တာတွင် ငွေသားဖြင့် ပေးသွင်းခြင်းကို လက်ခံနေပြီး မည်သည့်အွန်လိုင်း Pay များနှင့် လက်ခံခြင်းမရှိကြောင်း၊ သံရုံးပြင်ပငွေပေးသွင်းမှုများ၊ ငွေလွှဲ ဖြင့် အွန်လိုင်းဖြင့်ငွေလွှဲခိုင်းခြင်းများမှာ သံရုံးနှင့် မသက်ဆိုင်သည့်အတွက် တာဝန်ယူမည်မဟုတ်ကြောင်း၊ အဆိုပါဖုန်းနံပါတ်များဖြင့် သံရုံးဝန်ထမ်းဟန်ဆောင်ပြီး ဗီဇာကြေးများ အားအကောင့်ထဲသို့ လွှဲပို့ထားသူ မည်သူမဆို ယင်းဖြစ်ရပ်အတွက် ရဲကို အကြောင်းကြားရန် အကြံပြုလိုသည်ဟု ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ထိုင်းဗီဇာလျှောက်ထားရာတွင် e Visa စနစ်ဖြင့်သာ လက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ထိုင်းသံရုံးက ကြေညာထားသည်။
ထိုင်းနိုင်ငံသို့ မည်သည့်ဗီဇာစနစ်ဖြင့်ဖြစ်စေ ဝင်ရောက်မည့် မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော အခြားနိုင်ငံသားများအနေဖြင့် e Visa စနစ် အသစ်ဖြင့်သာ လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
