စတုဂတ် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်း လတ်တလော အခြေအနေပြန်ကောင်းနေတယ်။ တန်းဆင်းဇုန်နား ကပ်နေတဲ့ ဆန့်ပေါ်လီကို စတုဂတ် အခက်အခဲတွေ့ဖို့မရှိဘဲ ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
ဖရန့်ဖတ် - မိန့်ဇ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၀၀ နာရီ)
မိန့်ဇ်အသင်း ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်တို့ကို အနိုင်ကစားခဲ့တဲ့အထိ ခြေအတော်စွာနေတယ်။ ဖရန့်ဖတ်အသင်းကတော့ နောက်ဆုံးနှစ်ပွဲမှာ ရလဒ်တွေ ပြန်ကျသွားတယ်။ မိန့်ဇ်အသင်း သရေလောက် ရဦးမယ်ထင်တယ်။
ဟော်ဖန်ဟင်မ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၀၀ နာရီ)
မိုချန်ဂလာဘတ်အသင်း ရလဒ်တွေတက်လာတာ တွေ့ရတယ်။ ဟော်ဖန်ဟင်မ်အသင်း ရလဒ်ပိုင်း အတက်အကျများလို့ မိုချန်ကို ပိုကြိုက်တယ်။
၀ါဒါဘရီမင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၀၀ နာရီ)
အူန်ယွန်းဘာလင်အသင်း ဘွန်ဒစ်လီဂါ(၇)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ ပုံပျက်ပန်းပျက်တော့ မဟုတ်ဘူး။ အဝေးကွင်းမှာ အူန်ယွန်းဘာလင် အမှတ်ရသွားနိုင်တယ်။
ဟော်စတိုင်ကီလ် - အော့စ်ဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၀၀ နာရီ)
အော့စ်ဘတ်အနေနဲ့ နောက်ဆုံး(၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရထားပေမဲ့ ဘိုင်ယန်၊ လေဗာကူဆင်တို့ကိုသာ ရှုံးထားခဲ့တာဖြစ်တယ်။ အော့စ်ဘတ် အနိုင်နဲ့ သရေပါပဲ။
လေဗာကူဆင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၁၁:၀၀ နာရီ)
လေဗာကူဆင်အသင်းက အမှတ်ပေးပွဲ (၄) ပွဲဆက် အနိုင်ကစားထားသလို၊ ပြိုင်ပွဲစုံ ခုနစ်ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဖလားပွဲတွေမှာ ဘိုင်ယန်၊ အင်တာမီလန်တို့နဲ့ ပွဲကျပ်တွေ ကစားခဲ့ရပေမဲ့ နိုင်ပွဲဆက်နေတာကတော့ အသင်းရဲ့ခြေစွမ်းပိုင်းကို အသိအမှတ်ပြုရမယ်။ ဖရိုင်းဘတ်က အဝေးကွင်း နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး လိုက်ပ်ဇစ်၊ ဒေါ့မွန်တို့ကို အရေးနိမ့်ခဲ့တယ်။ လေဗာကူဆင်ပဲ ကြိုက်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
