ဆော်ဒီကလပ်အသင်းများသည် မန်ယူအသင်းနှင့် လမ်းခွဲရန် နီးစပ်နေပြီဟု သတင်းထွက်ပေါ်နေသော အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
အသက် (၂၇) နှစ်အရွယ်ရှိ ရပ်ရှ်ဖို့ဒ်သည် မန်စီးတီးအသင်းကို အနိုင်ရခဲ့သည့် မန်ချက်စတာဒါဘီတွင် မန်ယူအသင်းလူစာရင်းမှာ ချန်လှပ်ခဲ့ရပြီးနောက် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ရပ်ရှ်ဖို့ဒ်အနေဖြင့် လာမည့်ဇန်နဝါရီ သို့မဟုတ် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ထွက်ခွာဖွယ်ရှိနေသည်ဆိုသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။
ယင်းအနေအထားတွင် ဥရောပမှ နာမည်ကျော်ကစားသမားများကို ခေါ်ယူနေသည့် ဆော်ဒီကလပ်အသင်းများက ဥရောပထိပ်သီးအသင်းများနှင့်အပြိုင် ၎င်းအား ကမ်းလှမ်းမှုပြုလုပ်ရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။
မန်ယူနည်းပြ အာမိုရင်မ်ကမူ ရပ်ရှ်ဖို့ဒ်သည် ပါရမီရှင်ကစားသမားဖြစ်ပြီး အသင်းတွင် ရပ်ရှ်ဖို့ဒ် ရှိနေခြင်းက ပိုကောင်းကြောင်း ပြောကြားထားသည်။
ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းသို့ အသက် (၅) နှစ်အရွယ်ကတည်းက ရောက်လာရှိခဲ့ပြီး အသင်းငယ်မွေးခြံပေါက် ကစားသမားတစ်ဦး ဖြစ်သည်။
၎င်းသည် မန်ယူအသင်းအတွက် ၂၀၁၆ ခုနှစ်တွင် စတင်ပွဲထွက်ကစားခဲ့ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံ (၄၂၆) ပွဲတွင် (၁၃၈) ဂိုးသွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
