Top News

■ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနို ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိ     
24htopnews | December 20, 2024 9:12 PM CST

ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး ဖေမီနိုသည် တူရကီကလပ် ဖီနာဘာချီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိကြောင်း သိရသည်။ 

အသက် (၃၃)နှစ်အရွယ်ရှိ ဖေမီနိုသည် ၂၀၂၃ နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် လမ်းခွဲကာ အယ်လ်အာလီအသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

၎င်းသည် အယ်လ်အာလီအသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထား သော်လည်း ဥရောပတွင် ပြန်ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

၎င်းကို မော်ရင်ဟို ကိုင်တွယ်နေသည့် ဖီနာဘာချီအသင်းက ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။

ဖေမီနိုသည် အယ်လ်အာလီအသင်းတွင် ရုန်းကန်နေရပြီး ယခုရာသီ ပြိုင်ပွဲစုံ (၁၉) ပွဲတွင် (၆) ဂိုးသာ သွင်းယူထားနိုင်သေးသည်။ 


READ NEXT
Cancel OK