အက်စတွန်ဗီလာ - မန်စီးတီး (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၇:၀၀ နာရီ)
ရလဒ်တွေဆိုးနေတဲ့ မန်စီးတီးအတွက်နောက်ထပ် စိတ်ညစ်စရာပွဲတစ်ပွဲလို့ ဆိုရမယ်။ အက်စတွန်ဗီလာကိုယ်တိုင်က အကောင်းဆုံးပုံစံမှာ ရှိမနေတဲ့ နောက်ဆုံး (၄) ပွဲမှာ (၂) ပွဲရှုံး၊ (၂) ပွဲနိုင်ထားတဲ့အသင်းပါ။ ဒါပေမဲ့ အက်စတွန်ဗီလာက သူတို့အိမ်ကွင်းမှာတော့ ဘယ်အသင်းကိုမဆို အခက်တွေ့အောင် ကစားနိုင်တဲ့အသင်းဖြစ်တယ်။ ဥရောပအဆင့်မှာ ဘိုင်ယန်၊ ဂျူဗင်တပ်စ်တို့လိုအသင်းတွေကို ဒုက္ခပေးနိုင်ခဲ့သလို၊ နောက်ဆုံး အိမ်ကွင်း (၂) ပွဲမှာ ဘရန့်ဖို့ဒ်၊ ဆောက်သမ်တန်တို့ကို ဆက်တိုက်အနိုင်ရခဲ့တယ်။ အက်စတွန်ဗီလာရဲ့တိုက်စစ်မှာ ဝက်ကင်စ်၊ ဂျွန်ဒူရန်တို့လို ကစားသမားတွေကလည်း မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်စွမ်းရှိတယ်။ မန်စီးတီးက နောက်ဆုံးကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ပွဲမှာလည်း အားရစရာမရှိခဲ့ပါဘူး။ ဒီပွဲလည်း မန်စီးတီးထက် အက်စတွန်ဗီလာကို ပိုကြိုက်တယ်။
ဘရန့်ဖို့ဒ် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၃၀ နာရီ)
မာကျောပြီး အားရစရာကောင်းတဲ့ အသင်းနှစ်သင်းရဲ့ ပွဲပါ။ ဘရန့်ဖို့ဒ်အသင်းက အိမ်ကွင်းမှာ ရလဒ်အရမ်းကောင်းပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။ လီဗာပူးလ် အပါအဝင် အသင်းတိုင်းထက် အမှတ်အများ ကြီး ပိုယူထားနိုင်တယ်။ ဖောရက်စ်ကလည်း အားကောင်းပြီး ထိပ်ဆုံး (၄) သင်းထဲရောက်နေတဲ့အသင်းပါ။ သရေကျသွားနိုင်တယ်။
အစ်ဝစ်ချ် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၃၀ နာရီ)
အစ်ဝစ်ချ်က ခြေစွမ်းပိုင်းတိုးတက်လာတဲ့ အရိပ်အငွေ့တွေကို ပြသခဲ့ပြီး နောက်ပိုင်း ကစားတဲ့ပွဲတွေမှာ နိုင်ပွဲနဲ့ တော်တော်နီးစပ်လာပြီးမှ ရလဒ်တွေပြန်ပြန်ဆိုးသွားခဲ့တယ်။ ဒါပေမဲ့ ဝုလ်ဗ်နဲ့ကစားခဲ့တဲ့ပွဲမှာတော့ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီး ဝုလ်ဗ်အသင်းကိုပါ နည်းပြအပြောင်းအလဲဖြစ်စေခဲ့တယ်။ နယူးကာဆယ်က အစ်ဝစ်ချ်ထက်ပိုကောင်းပေမယ့် အဝေးကွင်းရလဒ်က သာမန်ပါပဲ။ သရေကျသွားနို်င်တယ်။
ဝက်စ်ဟမ်း - ဘရိုက်တန် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၃၀ နာရီ)
ဘရိုက်တန်အသင်းက ခြေစွမ်းလည်းကောင်း၊ ရလဒ်လည်း ကောင်းခဲ့ရာကနေ အခုအချိန်မှာတော့ ရလဒ်ပိုင်းသိသိသာသာ ကျဆင်းလာချိန်ဖြစ်နေတယ်။ ဆောက်သမ်တန်၊ ဖူလ်ဟမ်၊ လက်စတာ၊ ပဲလေ့စ်ဆိုတဲ့ ပွဲစဉ်ဇယားက အမှတ်တွေအများကြီး ယူနိုင်သင့်ပေမယ့် (၂) မှတ်ပဲ ယူနိုင်ခဲ့တယ်။ ဝက်စ်ဟမ်းကလည်း နည်းနည်းလေးပြန်ငြိမ်လာတဲ့အသင်းပါ။ ဝက်စ်ဟမ်းကိုပဲ ကြိုက်တယ်။
ခရစ္စတယ်ပဲလေ့စ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၁၂:၀၀ နာရီ)
ဂလက်စနာရဲ့ ခရစ္စတယ်ပဲလေ့စ်က လက်တလော အကောင်းဆုံး Form ရရှိနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး အာဆင်နယ်အတွက် မထင်မှတ်ပဲ အမှတ်လျော့သွား နိုင်တဲ့ ပွဲမျိုးဖြစ်နေတယ်။ အသင်းလိုက် မာကျောတယ်။ ကြံ့ခိုင်တယ်။ နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲမရှိ ကစားနေတယ်။ အသင်းကောင်းတွေကို မထင်မှတ်တာတွေလုပ်ပြနိုင်ခဲ့တယ်။ အာဆင်နယ်ရဲ့လက်ရှိခြေစွမ်းနဲ့ နိုင်ပွဲရဖို့ ခက်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
