ဂီတာဖေး - မာယော့ကာ (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၇:၃၀ နာရီ)
မာယော့ကာ အဝေးကွင်းကစားပုံ နည်းနည်းပြန်လျော့သွားတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက အဝေးကွင်းမှာ ဂိုးရဖို့ အတော်လေး ခက်နေတတ်တယ်။ ဂီတာဖေးကလည်း အိမ်ကွင်းအားကောင်းလာတဲ့အပြင် ခံစစ်ကစားပုံလည်း ပိုငြိမ်လာတယ်။ အိမ်ရှင် ဂီတာဖေးနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
ဆယ်လ်တာဗီဂို - ဆိုစီဒက် (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၉:၄၅ နာရီ)
ခုနောက်ပိုင်းပွဲတွေမှာ ဆိုစီဒက်အသင်း ခံစစ်ပြန်ငြိမ်လာပြီး ကစားပုံလည်း တက်လာနေတယ်။ ဒီရာသီ ဆယ်လ်တာဗီဂိုရဲ့ အိမ်ကွင်းကစားအားက ကောင်းမွန်ပေမဲ့လည်း အခုတလော ကစားပုံမာလာတဲ့ ဆိုစီဒက်ကိုတော့ ဖိအားပေးကစားပြနိုင်ဖို့ ခက်သွားနိုင်တယ်။ အစဉ်အလာအရလည်း ဆယ်လ်တာဗီဂိုက ဆိုစီဒက်ကို ယှဉ်နိုင်လေ့မရှိလို့ ဆိုစီဒက်ပဲ အနည်းဆုံးသရေတော့ ရအောင် ကစားသွားလိမ့်မယ်။ ဂိုးနည်းမယ်။
အိုဆာဆူနာ - ဘီလ်ဘာအို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၁ ရက် ည ၁၂:၀၀ နာရီ)
နှစ်သင်းစလုံး ခြေစွမ်းမကွာကြသလို၊ လက်ရှိမှာလည်း ခြေစွမ်းပုံမှန်ရနေကြတယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုတွေကလည်း အပြန်အလှန်ရှိတာကို တွေ့ရတယ်။ ဒါပေမဲ့ အိုဆာ ဆူနာရဲ့ ခုနောက်ပိုင်း ရလဒ်တွေက သရေပွဲတွေများနေတယ်။ အိမ်ရှင်ဆိုပေမဲ့လည်း ဘီလ်ဘာအိုရဲ့ အဝေးကွင်းထိန်းကစားနိုင်စွမ်းကြောင့် အိုဆာဆူနာ နိုင်ဖို့တော့ မလွယ်လောက်ဘူး။ ဒီပွဲလည်း သရေပွဲဖြစ်ဖို့ များတယ်။ ဂိုးနည်းမယ်။
ဘာစီလိုနာ - အက်သလက်တီကို (မြန်မာစံတော်ချိန် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
လာလီဂါပွဲစဉ် (၁၇)အပြီးမှာတော့ အက်သလက်တီကိုက (၁)ပွဲလျော့ကစားထားပြီး ဘာစီလိုနာကို လိုက်မီလာပါပြီ။ ရာသီအစပိုင်းမှာ ရုန်းကန်ခဲ့ရသလိုရှိခဲ့တဲ့ အက်သလက်တီကိုရဲ့ခြေစွမ်းကတော့ တောက်လျှောက် အတက်ဘက်ကိုပြလာပြီး ပြိုင်ပွဲ စုံနောက်ဆုံး (၁၁)ပွဲဆက်တိုက် အနိုင်ရထားတယ်။ ဘာစီလိုနာကတော့ အက်သလက်တီကိုနဲ့ ပြောင်းပြန်။ ရာသီအစမှာ အရှိန်ကောင်းခဲ့သလောက် နှစ်ကုန်ပိုင်းမှာ တောက်လျှောက်ထိုးကျသွားတယ်။ လာလီဂါနောက်ဆုံး(၆)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရှိပြီး ရှုံး ပွဲ(၃) ပွဲအထိကြုံလိုက်ရတယ်။ အဆိုးဆုံးက အိမ်ကွင်းနောက်ဆုံး (၂)ပွဲ လက်စ်ပါမားစ်နဲ့ လီဟာနက်စ်ကို ဆက်တိုက်ရှုံးခဲ့တာပါ။ အခုလည်း ခြေစွာနေတဲ့ အက်သလက်တီကိုကို အိမ်ကွင်းမှာပဲ ရင်ဆိုင်ရဦးမှာတော့ ဘာစီလိုနာအတွက် ပိုခက်နိုင်တယ်။ လက်ရှိခြေစွမ်းအရ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲ ကောင်းမယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
