တက္ကသိုလ်များတွင် အင်္ဂလိပ်စာကို Minor ဘာသာရပ်အဖြစ် တတိယနှစ်အထိ သင်ကြားရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ တစ်လပြည့်ခဲ့ပြီဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်အောင်သင်ကြားပေးကြရန်၊ သက်ဆိုင်ရာဘာသာရပ်များအလိုက် သင်ရိုးကုန်အပြည့်အစုံ သင်ကြားပေးရန်နှင့် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ကြားပေးနိုင်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် မိမိဘာသာရပ်ကို အမြဲမပြတ်လေ့လာနေကြရန် မှာကြားလိုကြောင်း၊ ဌာနမှကျွမ်းကျင်သူ ဝါရင့်ဆရာကြီး ဆရာမကြီးများကလည်း မွမ်းမံလေ့ကျင့်ပေးကြရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ Module အလိုက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေး၍ ဆရာ ဆရာမများ သင်ကြားမှုအရည်အသွေးကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး အင်္ဂလိပ်စာကို Minor ဘာသာရပ်အဖြစ် တတိယနှစ်အထိ သင်ကြားကြရမည်ဖြစ်ကြောင်း၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများအနေဖြင့် စာသင်ခန်းများအထိ လှည့်လည်ကွင်းဆင်းစစ်ဆေး၍ သင်ကြားသင်ယူမှုအရည်အသွေးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ဆောင်ရွက်မည့် မောင်မယ်သစ် လွင်ကြိုဆိုပွဲများကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကျင်းပဆောင်ရွက်ကြစေလိုကြောင်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားကြရန်နှင့် မီးသတ်ဆေးဘူးများ ချိတ်ဆွဲဆောင်ရွက်ထားကြရန် မှာကြားလိုကြောင်း၊ ကျောင်းတက်သည့် ကျောင်းသားစာရင်းများကို နေ့စဉ်စနစ်တကျကောက်ယူကာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းပြည့်မီအောင် စည်းရုံးကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက်များ၊ မိမိတို့ဦးစီးဌာနများ၏ ညွှန်ကြားချက်များကို လေးစားလိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရုံးစာများ၊ ညွှန်ကြားချက်များကို ဆိုရှယ်မီဒီယာအွန်လိုင်းပေါ်တင်ခြင်းများ၊ ပေးပို့ခြင်းများကို နိုင်ငံ့ဝန်ထမ်းများ မပြုလုပ်ကြစေရေးအတွက် ပညာပေးကြီးကြပ်ရန် ၎င်းက ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ကျောင်းတက်နှုန်းမြင့်မားရေးနှင့် ဆရာ ဆရာမ မွမ်းမံသင်တန်းများ ပို့ချမည့်အစီအစဉ်ကို ရှင်းလင်းပြီး အမိန့်ညွှန်ကြားချက်များကို လိုက်နာခြင်းသည် နိုင်ငံ့ဝန်ထမ်းတိုင်း လိုက်နာရမည့်တာဝန်ဖြစ်ရုံသာမက မိမိ၏ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းခြင်းဖြစ်သဖြင့် အသိကိုသတိဖြင့်ထိန်းသိမ်းကြရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
