မန်ယူနိုက်တက်အသင်း၏ နည်းပြဖြစ်သူ ရူဘင်အာမိုရင်မ်က အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဆိုသည့် သတင်းစကားများ ထွက်ပေါ်လာစေသည့် အသင်း၏ တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်နှင့် ပတ်သက်၍ ရပ်ရှ်ဖို့ဒ်နေရာတွင် မိမိဆိုပါက အသင်းလူစာရင်းမှ ချန်လှပ်ခံရခြင်းအတွက် ဆိုရှယ်မီဒီယာတွင် တုံ့ပြန်မည့်အစား မန်နေဂျာနှင့်သာ စကားပြောမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မားကပ်စ်ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဟင်နရီဝင်းတား နှင့် အင်တာဗျူးတွင် ''စိန်ခေါ်မှုအသစ်များအတွက် အဆင်သင့်ဖြစ်နေပြီ'' ဆိုသည့် စကားကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီမှစ၍ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်ပြီး ရုန်းကန်နေရသည့် ကစားသမားတစ်ဦးဖြစ်သလို၊ ပြီးခဲ့သည့် တနင်္ဂနွေနေ့က မန်စီးတီးအသင်းအား (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အရန်လူစာရင်းတွင်ပင် မပါဝင်ဘဲ ချန်လှပ်ခံခဲ့ရသည်။
ယင်းပွဲအပြီးတွင်လည်း ရူဘင်အာမိုရင်မ်က မိမိအနေဖြင့် အသင်းအတွက် ကစားသမားရွေးချယ်မှု ပြုလုပ်ရာတွင် အကဲဖြတ်မှုများကို စွမ်းဆောင်ရည်ပိုင်းတွင်သာ မဟုတ်ဘဲ အစားအသောက်ပုံစံ၊ အသင်းလေ့ကျင့်ရေးကွင်းသို့ လာရောက်သည့် ဝတ်စားဆင်ယင်ပုံ၊ အသင်းဖော်များနှင့် ဆက်ဆံရေးအခြေအနေ၊ အသင်းဖော်များကို တွန်းအားပေးနိုင်မှု စသည့် အချက်များအပေါ်တွင်ပါ အကဲဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုအချိန်တွင်လည်း မားကပ်စ်ရပ်ရှ်ဖို့ဒ် အင်တာဗျူးတွင် ပြောသွားသည့် စကားများနှင့် ပတ်သက်၍ မိမိကိုယ်တိုင်လည်း ကစားသမားဘဝက ရပ်ရှ်ဖို့ဒ်ကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ခဲ့ဖူးသည်ဟု ဆိုခဲ့သည်။
အသက် (၃၉) နှစ်အရွယ်ရှိ အာမိုရင်မ်သည် သူ၏ ကစားသမားဘဝတွင် ဘယ်လန်နိစ်၊ ဘရာဂါ၊ ဘင်ဖီကာ၊ အယ်လ်ဝါရာအသင်းများနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း (၁၄) ပွဲကစားခဲ့ဖူးသူဖြစ်သည်။
အာမိုရင်မ်က ''ကျွန်တော် ဆိုရင်တော့ အသင်းမန်နေဂျာနဲ့ပဲ စကားပြောမှာပါ။ ဘာဆက်လုပ်သွားရမလဲဆိုတာကို ကျွန်တော် နည်းနည်းတော့ ရှင်းပြရခက်ပါတယ်။ ကျွန်တော် ဒီကိစ္စအတွက် စိိတ်ခံစားမှုတော့ နည်းနည်းရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော် လာမယ့်ပွဲအတွက် ပြင်ဆင်ဖို့ရှိနေပြီး ပြီးမှ စောင့်ကြည့်တာပေါ့။ ကျွန်တော့်အတွက် ကစားသမားတစ်ဦးချင်းကိစ္စထက် အသင်းကိစ္စက ပိုအရေးကြီးပါတယ်''ဟု ဆိုခဲ့သည်။
ရပ်ရှ်ဖို့ဒ်ဖြစ်ရပ်အပေါ် အလျင်အမြန် ကျော်ဖြတ်သွားနိုင်သလားဆိုသည့် မေးမြန်းမှုကိုလည်း ''ကျွန်တော်က ဒါက အရေးကြီးပါတယ်လို့ပြောရင် သတင်းစာတွေအတွက်ခေါင်းစည်းဖြစ်သွားပြီး အရေးမကြီးပါဘူးလို့ ပြောရင် ကျွန်တော့်အဆင့်က နိမ့်ကျသွားမှာပါ။ အခုအချိန်မှာ ပြောဖို့ခက်နေပါသေးတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
