Top News

■ Gold Cup ၌ ပါဝင်ယှဉ်ပြိုင်ရန် ဆော်ဒီအသင်း ဖိတ်ကြားခံရ     
24htopnews | December 20, 2024 5:12 PM CST

ဆော်ဒီအာရေဗျအသင်းသည် ကွန်ကာကပ်ဖ်ဒေသ၏ နာမည်ကျော်ပြိုင်ပွဲဖြစ်သော Gold Cup ၌ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရကြောင်း သိရသည်။ 

ဆော်ဒီနိုင်ငံအနေဖြင့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအား အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ရွေးချယ်ခံခဲ့ရပြီးနောက် ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၅ Gold Cup ပြိုင်ပွဲနှင့် ၂၀၂၇ Gold Cup ပြိုင်ပွဲများ၌ ပါဝင်ယှဉ်ပြိုင်ရန် ဆော်ဒီအသင်းကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Gold Cup ပြိုင်ပွဲသည် ဒေသတွင်းအသင်းများအပြင် ပြင်ပမှအသင်းများကိုလည်း အခါအားလျော်စွာ ဖိတ်ခေါ်ယှဉ်ပြိုင်လေ့ရှိသည့်အတွက် ဆော်ဒီအသင်းကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၅ Gold Cup ပြိုင်ပွဲကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဇွန်လ(၁၄)ရက်မှ ဇူလိုင်လ(၆)ရက်အထိ ကျင်းပမည်ဟု သိရသည်။


READ NEXT
Cancel OK