Top News

■ လီဗာပူးလ် - မန်ယူပွဲတွင် လက်မှတ်စျေးနှုန်းအတွက် ဆန္ဒပြရန် ပရိသတ်များစီစဉ်နေ     
24htopnews | December 20, 2024 5:12 PM CST

လီဗာပူးလ်နှင့် မန်ယူအသင်း၏ ပရိသတ်များသည် လာမည့်လအတွင်း ယှဉ်ပြိုင်ကစားမည့် ပရီးမီးယားလိဂ်ပွဲစဉ်၌ လက်မှတ်စျေးနှုန်းအတွက် ထပ်မံဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ 

ယင်းနှစ်သင်းမှ ပရိသတ်များသည် ဒီဇင်ဘာ(၁) ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော မန်ယူ - အဲဗာတန်၊ လီဗာပူးလ် - မန်စီးတီးပွဲများတွင်လည်း လက်မှတ်စျေးနှုန်းမြှင့်တင်ခြင်းအတွက် ဆန္ဒပြခဲ့ကြသည်။ 

ယခုအခါ ဇန်နဝါရီ(၅)ရက်၌ ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် - မန်ယူပွဲတွင် အန်ဖီးလ်ကွင်း၌ နှစ်ဖက်အသင်းပရိသတ်များ ပူးပေါင်း၍ ဆန္ဒပြရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ပရီးမီးယားလိဂ်တွင် တစ်ရာသီ စာလက်မှတ်စျေးနှုန်းအများဆုံးစာရင်း၌ မန်ယူက အဆင့်(၇)၊ လီဗာပူးလ်က အဆင့်(၁၀)ရပ်တည်နေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ်များအနေဖြင့် တစ်ရာသီထက် တစ်ရာသီ လက်မှတ်စျေးနှုန်းများ မြှင့်တင်နေခြင်းကြောင့် ပရိသတ်များက ဒေါသထွက်နေကြကြောင်း သိရသည်။ 


READ NEXT
Cancel OK