မန်ယူအသင်း၏ ပူးတွဲပိုင်ရှင်တစ်ဦးဖြစ် သည့် ဆာဂျင်ရက်ကလစ်ဖ်သည် အသင်းထံ ပေါင်(၇၉)သန်း ထပ်မံထည့်ဝင်ခဲ့ကြောင်း သိရ သည်။
ဆာဂျင်ရက်ကလစ်ဖ်သည် ယခုနှစ်အစောပိုင်းက မန်ယူအသင်း၏ ရှယ်ယာ(၂၇.၇) ရာခိုင်နှုန်းကို ပေါင်(၁.၂)ဘီလီယံဝန်းကျင်ဖြင့် ဝယ်ယူခဲ့သူဖြစ်သည်။
ယင်းကဲ့သို့ ဝယ်ယူခဲ့ခြင်း ကြောင့် ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ဘောလုံးဆိုင်ရာ ကိစ္စရပ်များအား ဦးဆောင်လုပ်ကိုင်ခွင့်ရရှိခဲ့သည်။
၎င်းအနေဖြင့် မန်ယူအသင်းတွင် ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့ရာတွင် ဝန်ထမ်းအရေအတွက် လျှော့ချခြင်း၊ ဂန္ထဝင်နည်းပြ ဖာဂူဆန်အား သံတမန်အဖြစ်မှ ရပ်စဲခြင်းတို့ လုပ်ဆောင်ခဲ့သည့်အတွက် ပရိသတ်များ၏ ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
သို့သော် ကွင်းသစ်တည်ဆောက်မည့် စီမံကိန်းနှင့် တန်ဟက်ဂ်နေရာ၌ အာမိုရင်မ်ကို ခန့်အပ်ခဲ့ခြင်းအတွက် ထောက်ခံမှုရရှိခဲ့ကြောင်း သိရသည်။
ဆာဂျင်ရက်ကလစ်ဖ်သည် ယခုအခါ ဂလေဇာမိသားစုနှင့် သဘောတူ ညီမှုရယူထားသည့်အတိုင်း နှစ်မကုန်မီ ပေါင် (၇၉)သန်း ထပ်မံရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်း၏ ရှယ်ယာပိုင်ဆိုင်မှုမှာ (၂၈.၉) ရာခိုင်နှုန်းရှိလာကြောင်း သိရသည်။
၎င်းထည့်ဝင်ခဲ့သည့် ငွေကြေးမှာ ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားခေါ်ယူမှုအတွက် အသုံးပြုရန် မဟုတ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
