အက်သလက်တီကိုကွင်းလယ်ကစားသမား ဂယ်လာဂါက လက်ရှိအသင်းနှင့်အတူ လာလီဂါချန်ပီယံဆု ရရှိလိုသည်ဟု ပြောကြားခဲ့သည်။
အသက် (၂၄) နှစ်အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဂယ်လာဂါသည် ပြီးခဲ့သည့်နွေရာသီကမှ ချယ်လ်ဆီးအသင်းမှ အက်သလက်တီကိုအသင်းထံသို့ ပေါင် (၃၄) သန်းဝန်းကျင်ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
အက်သလက်တီကိုအသင်းသည် ယခုရာသီ လာလီဂါပွဲစဉ် (၁၇) အပြီးတွင် ရမှတ် (၃၈) မှတ်ရထားပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်းနှင့် ရမှတ်တူနေသော်လည်း ဂိုးကွာခြားချက် လျော့နည်းမှုကြောင့် အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။
သို့သော် ဘာစီလိုနာအသင်းသည် တစ်ပွဲကစားထားသောကြောင့် အက်သလက်တီကိုအသင်းအနေဖြင့် ဘာစီလိုနာအသင်းကို ကျော်တက်နိုင်သည့်အခွင့်အရေး ရှိနေသည်။
ထို့ပြင် အက်သလက်တီကိုအသင်းသည် ဒီဇင်ဘာ (၂၁) ရက်(စနေနေ့)တွင် လာလီဂါပွဲစဉ်အဖြစ် ဘာစီလိုနာအသင်းကို အဝေးကွင်း၌ သွားရောက်ရင်ဆိုင်ရမည်ဖြစ်ပြီး ယင်းပွဲမတိုင်မီ ဂယ်လာဂါက လာလီဂါချန်ပီယံဆုကို ရယူလိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဂယ်လာဂါက မိမိအနေဖြင့် စပိန်မြေတွင် မြန်ဆန်စွာအသားကျသွားခဲ့ခြင်းမှာ နည်းပြ ဆီမြွန်နီကြောင့်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
ဂယ်လာဂါသည် ယခုရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၂၀) တွင် (၂) ဂိုး သွင်းယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
