Top News

■ ဒီဘားလားကို ရောင်းချမည်ဟု ရိုးမားအသင်း အတည်ပြု
24htopnews | December 20, 2024 5:12 PM CST

ရိုးမားအသင်းအားကစားဒါရိုက်တာ ဂီဆိုလ်ဖီက အာဂျင်တီးနားတိုက်စစ် ကစားသမား ဒီဘားလားအား ထိုက်တန်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချမည်ဟု အတည်ပြုပြောကြားခဲ့သည်။ 

အသက် (၃၁) နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘာလားသည် ၂၀၂၂ နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် ရိုးမားအသင်းထံသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

ဒီဘားလားသည် ပြီးခဲ့သည့်နွေရာသီက ဆော်ဒီကလပ်များထံမှာ မြင့်မားသည့်လစာငွေဖြင့် ကမ်းလှမ်းခံခဲ့ရသော်လည်း အသင်းတွင် ဆက်နေလိုသည့်အတွက် ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ 

သို့သော် ဒီဘားလားသည် ယခုရာသီတွင် ရိုးမားအသင်း၌ ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး လက်ရှိစာချုပ်မှာလည်း ယခုရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ထို့ကြောင့် ရိုးမားအသင်းသည် ဒီဘားလားအား လာမည့် ၂၀၂၅ နွေရာသီတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် လက်လွှတ်လိုခြင်းမရှိသည့်အတွက် လာမည့်ဇန်နဝါရီတွင် ရောင်းထုတ်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ 

ယခုအခါ ရိုးမားအသင်းအားကစားဒါရိုက်တာ ဂီဆိုလ်ဖီက လာမည့်ဇန်နဝါရီတွင် အသင်းတိုက်စစ်ကစားသမား ဒီဘားလားအတွက် ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK