■ ၂၀၂၆ ကမ္ဘာ့ဖလားရပြီးလျှင် အနားယူမည်ဟု မာတီနက်ဇ် ဆို
24htopnews | December 20, 2024 5:12 PM CST
အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့ပါက လက်ရွေးစင်ကစားသမားဘဝမှ အနားယူမည်ဟု ပြောကြားခဲ့သည်။
အက်စတွန်ဗီလာအသင်းတွင် ကစားနေသည့် မာတီနက်ဇ်(၃၂ နှစ်)သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားနှင့်အတူ ချန်ပီယံဆု ရရှိခဲ့သူဖြစ်သည်။
၎င်းက "ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရယူနိုင်တာ ဘယ်အသင်းရှိလို့လဲ။ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆု(၂)ကြိမ် ရယူနိုင်ခဲ့ရင် ကျွန်တော် အနားယူမှာပါ။ ကတိပေးပါတယ်"ဟု ပြောကြားခဲ့သည်။
မာတီနက်ဇ်သည် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၂၁ ခုနှစ်တွင် စတင်ပွဲထွက်ကစားခဲ့ပြီး အသင်းအတွက် (၄၉) ပွဲ ကစားထားသည်။
၎င်းသည် အာဂျင်တီးနားအသင်းနှင့်အတူ ၂၀၂၂ ကမ္ဘာ့ဖလားအပါအဝင် ကိုပါအမေရိကချန်ပီယံဆု (၂) ကြိမ်နှင့် Finalissima ချန်ပီယံဆုကိုလည်း ရရှိထားသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
